Unicode
အနေအေးပြီမြင်သူတိုင်းငေးရလောက်အောင်ထိလှသူလေးတီချယ်ဒေါ်မြနှင်းဝေ
ပျော်ပျော်နေတတ်ပြီတစ်ခြားသူတွေကိုပဲဦးစားပေးအနစ်နာခံတတ်သော်လည်းအချစ်ရေးမှာကံမကောင်းတဲ့မြတ်သီရိမောင်
ဇာတ်လမ်းအစမှာတော့ကျွန်မရဲ့တစ်နေ့တာအမေရဲ့နိုးစက်သံလေးနဲ့အတူတူနိုးထရတာပေါ့.."မြတ်သီရိမောင်နင်မထသေးဘူးလား..စာစဥ်တင်ဖို့နင်ကျောင်းသွားရမယ်လေ"ဘာလုပ်နေတာလဲနေဖင်ထိုးနေပြီဟဲ့"ထတော့.."ဟုတ်ကဲ့ပါအမေရယ်သမီးထပါပြီ။အခုမှ၈နာရီပဲရှိသေးတာကိုအမေတို့ကလည်းတကယ်ပဲ...မျက်နှာသစ်ေရချိူးရင်းသီချင်လေးတအေးအေးနဲ့အေးဆေးလုပ်နေရင်းနဲအချိန်ကြည့်မိတော့၈နာရီ၄၅ဖြစ်နေပြီအမြန်ပြင်ဆင်နေရပြီမဟုတ်ရင်မိုးရဲ့အပြောဆိုကိုခံရတော့မှာလေ..အော်မေ့လို့မိုးဆိုတာကကျွန်မရဲ့တစ်ဦးထဲသောသူငယ်ချင်းအေးချမ်းမိုးတယ့်သူနဲ့က၉တန်းထဲကခင်လာတာပေါ့အခုတက္ကသိုလ်တတ်တယ့်အထိခင်လာတာပေါ့ကွယ်.."
သီရိမရေနင်မပြီးသေးဘူးလားဟကားကကြပ်လို့စောစောထွက်ပါမယ်ဆို"ပြောရင်းဆိုရင်းရောက်လာပါပြီ။"လာပါပြီဟနင်ကလည်းစောစောစီးစီးအသံဗြဲကြီးနဲ့အော်နေတော့တာပဲ".."အံ့မယ်ငါသူငယ်ချင်းသီရိမလေးကလှနေပါလား"နင်ကလေအသားဖြူတော့ဘာအရောင်လေးဝတ်ဝတ်သိပ်လှတာပဲဟယ်".."အခုလည်းကြည့်ပါအုန်းပါတိတ်ကြက်သွေးရောင်လေးနဲ့သိပ်လှ.."အောင်မလေးဟယ်ချီးမွမ်းခန်းတွေနောက်မှဖွင့်အခုလောလောဆယ်ကားဂိတ်ကိုသွားရအောင်မိုးရယ်.."
ဟဲ့သီရိမနက်စာစားပြီးမှသွားလေ.."မစားတော့ဘူးအမေရေနောက်ကျမှာဆိုးလို့လမ်းမှာပဲစားတော့မယ်သွားပြီအမေရေ.."ဟဲ့အော်ဒီကလေးမတစ်ယောက်နဲ့တော့မလွယ်ပါလားအေ"အိမ်ကိုစောစောပြန်ခဲ့နော်ဟဲ့နင်အဖေဒီနေ့ပြန်လာမှာကြားလား.."ဟုတ်ကဲ့အမေတာ့တာနော်.."သူငယ်ချင်းနှစ်ယောက်ကားဂိတ်ရောက်တော့လိုင်းကားလေးစီးပြီးကျောင်းကိုသွားကြတာပေါ့...ကျောင်းရောက်တော့စာစဥ်တင်ဖို့လိုအပ်တာတွေကိုစစ်နေတုန်းလူတစ်ယောက်နဲဝင်တိုက်မိပါလေရော.."အားသေပါပြီဘယ်လိုလူလဲဟရှေ့မကြည့်နောက်မကြည့်နဲ့လူတစ်ယောက်လုံးကိုတောင်မမြင်...ဟင်!!
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..