Unicode
ဒီလိုနဲ့တီချယ်နဲ့သီရိစကားမပြောဖြစ်တာတော်တော်ကြာသွားခဲ့သည်။သွားမပြောတော့တာဆိုရင်တော့ပိုမှန်လိမ့်မည်။
"တီ!!!"
"ဟဲလို"
"ဝေငါတို့မနက်ဖြန်တွေ့မှာနော်ဟဲ့မေ့မနေနဲ့အုန်း"
"ဘာများလဲလို့သိပါတယ်ဟယ်ရှင်တို့ကလည်းကျွန်မကမေ့စရာလားဟွန့်"
"အေးပါဒီတစ်ခါငါတို့တွေ့ကြရင်လူတော်တော်ဆုံတယ်"
"ဟုတ်လားဘယ်သူတွေပါသေးတာလဲ"
"ဟိုကောင်ကြီးယောက်ျားယူပြီးနိုင်ငံခြားကနေပြန်လာပြီလေ"
"ဟိုအာကာကိုပြောတာလားသူကယောက်ျားတကယ်ယူသွားတာလား"
"အေးလို့သူတကယ်ကြီးပွင့်သွားတာနော်..မထင်ရဘူးဟဒီနိုင်ငံမှာဒီလိုအနေအထားတွေကိုလက်မခံတာကလည်းရှေးအယူအဆကြီးတာတွေလည်းပါတာနေမှာပေါ့လူကြီးတွေကလက်မခံချင်တော့သူနိုင်ငံခြားမှာပဲအခြေချပြီးလက်ထပ်တာနေမယ်"
"ဟုတ်မှာပေါ့ငါတို့လည်းသူကိုမထင်ထားဘူးလေကျားကျားယားယားကြီးကယောက်ျားယူသွားတယ်ဆိုတာအံ့ဩစရာပဲ"
"အေးဟယ်ကျန်တယ့်အကြောင်းတွေကိုငါတို့ဆုံမှပြောတော့မယ်"
"အေးအေးငါလည်းမနက်ဖြန်ကျူရှင်မှာသင်မယ့်စာပြန်ကြည့်လိုက်အုန်းမယ်"
"ကျူရှင်ဆိုမှဝေကိုဟိုကလေးမဆက်သွယ်တာတော်တော်ကြာနေပြီမနက်ဖြန်တွေ့တော့မှပဲပြန်ချော့လိုက်ပါ့မယ်လေ...အော်ငါကအကြီးလေဘာလို့သူကိုချော့ရမှာလဲ"
အပျိုကြီးတစ်ယောက်ဟာဖြစ်ဗြာနေပါပြီ.....
"သမီးရေအောက်ဆင်းလာအုန်းဧည့်သည်ရောက်နေလို့"
"ဟုတ်လာပြီမေကြီးရေ"
"ဘယ်ကဧည့်သည်ဟုတ်လို့အော်တာပါလိမ့်"
အောက်ထပ်သို့ရောက်တော့...
"ဟင်မမယုယ"
"ဘာဖြစ်တာလဲသမီးရယ်အလန့်တကြားနဲ့"
"မဟုတ်ဘူးလေမမယုယကဘယ်ကနေဘယ်လိုအိမ်ကိုရောက်လာရတာလဲ"
"ဘာလဲတို့ကိုအိမ်လာမလည်စေချင်ဘူးလေ"
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..