Part-13

430 23 11
                                    

Unicode

"သမီးငယ်စိတ်လှုပ်ရှားနေတာလား..ဘာမှမဖြစ်ပါဘူးကွာ"

"ဟုတ်ဖေကြီး"

"မမြတ်သီရိမောင်ရှိပါလားရှင့်"

"ဟုတ်ရှိပါတယ်"

"‌ဒီဘက်ကိုလာခဲ့ပေးပါနော်"

"ဟုတ်ကဲ့"

"ပေါင်ချိန်စက်လေးအပေါ်တတ်ပေးပါနော်"

"၉၆ပေါင်..ညီမလေးဆင်းလို့ရပြီနော်"

"ဟုတ်ကဲ့"

"ဦးတို့ရောက်နေတာကြာပြီလားလမ်းမှာကားပိတ်နေလို့လေနည်းနည်းလေးကြာသွားတယ်"

"ရပါတယ်ငါတူရာအချင်းချင်းတွေပဲကိုအခုတော့မင်းညီမကကြောက်နေတယ်ကွ"

"ဟောဘာဖြစ်လို့လဲညီမလေးမကြောက်နဲ့အမကသဘောကောင်းပါတယ်..ဘာမှမပူနဲ့ညီမလေးနေကောင်းဖို့အတွက်အခုလိုစီစဉ်ရတာ"

"ဟုတ်နားလည်ပါတယ်ကိုကြီး"

"ငါ့ညီမလေးကသတ္တိရှိပြီသား"

"ဟီး"

ပြုံးသာ‌ပြလိုက်ရတာစိတ်ထဲတော့ကြောက်နေရတာအမှန်ပဲ...

"လူနာမြတ်သီရိမောင်ရှိပါလားရှင့်"

"ဟုတ်ရှိပါတယ်ရှင့်"

"ဟုတ်ကဲ့ဆရာဝန်ကြီးကECGဆွဲဖို့အတွက်ပြောထားတာတွေဘာတွေရှိ‌လားရှင့်"

"အခုမှပြမှာငါတူမ..သားဘယ်လိုလုပ်မလဲ"

"ကျွန်တော်ကတော့ဆွဲစေချင်တယ်..အရင်ကလုပ်ဖူးပင်မယ့်လည်းတော်တော်ကြာနေပြီဆိုတော့အခြေနေကိုသေချာမသိရသေးဘူး"

"ကဲဒါဆိုလည်းECGဆွဲလိုက်မယ်လေ"

"အော်ဟုတ်ကဲ့ဒါဆိုECGလေးဆွဲဖို့‌ဒီဘက်အခန်းထဲကိုလာခဲ့ပေးပါနော်"

"ညီမလေးကုတင်ပေါ်တတ်ပြီအင်္ကျီကိုအပေါ်ထိဆွဲတင်ပေးနော်...ဘာမှမရှက်နဲ့နော်"

"ဟုတ်"

အပေါ်ပိုင်းအကုန်လှန်တင်ထားရတော့စိတ်ထဲတော့ရှက်သလိုကြောက်သလိုတော့ဖြစ်သွားသည်။

"ကဲရပါပြီအင်္ကျီကြယ်သီးတတ်ပြီးရင်ဆရာဝန်ကြီးရဲ့အခန်းရှေ့မှာထိုင်စောင့်နေပေးပါ‌ရှင့်"

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now