Unicode
"တီ..တီ..တီ..."နိုးစက်အသံကြောင့်လူကနိုးလာပြီအချ်ိန်ကိုကြည့်မိတယ်"၈နာရီပဲရှိသေးတယ်ပြန်အိပ်လိုရသေးတယ်..ငါခဏလောက်အိပ်လိုရသေးတယ်"ပြန်အိပ်မယ်ကြံတုန်းဖုန်းအသံကြောင့်အိပ်လိုမရတာနဲ့ကြည့်လိုက်တော့မိုးဆီကဖြစ်နေ"ဟယ်လိုမိုးနင်အစောကြီးဘာလို့ဆက်တာလဲဟယ်ငါခဏလောက်ပြန်အိပ်မလို့ဟာကိုနင်ကလေတကယ်ကိုအလိုက်ကမ်းဆိုးမသိတယ့်ဟာပဲ" "ဟဲ့မိသီရိမနင်ပြန်မအိပ်ရတာနဲ့လူကိုလာပြီပွစိပွစိလာလုပ်မနေနဲ့..ထတော့ဟဲ့ကျူရှင်သွားစုံစမ်းမယ်" "ကျူရှင်စုံစမ်းဖို့လည်းစေတနာနဲ့နိုးပေးရသေးတယ်ကျေးဇူးအတင်မခံရဘဲပွားတာခံရတယ်တကယ်ပဲဟွန့်"
"ဆောတီးပါဟယ်ငါမေ့သွားလို့ဟနင်ကလည်းစိတ်ကြီးတာ..စိတ်လျော့အခုငါနိုးပြီအိုကီ" "ရေမိုးချိုးပြီးနင်ဆီလာခဲ့မယ်ဟုတ်ပြီလားနေ့လယ်စားကိုဟော့ပေါ့သွားစားကျမယ်လေ"
"သွားစားမယ်..နင်ကျွေးရမှာနော်သူငယ်ချင်းလေးဟီးး" "အေးပါမယ်မင်းကြီးမရယ်ကျွေးပါ့မယ်တကယ်ပဲ ဒါပဲဟဲ့ရေချိုးတော့မယ်တာ့တာ"မိုးနဲ့ဖုန်းပြောပြီးကုတင်ပေါ်ကမဆင်းခင်ရှိသမျှအကြောအကုန်လျော့ပစ်ပြီးမှရေချိုးခန်းထဲဝင်သွားလိုက်တယ်..ခဏအကြာရေချိုးခန်းထဲကထွက်လာပြီအဝတ်စားထိုင်ရွေးနေတာတစ်နာရီလောက်ကြာနေပြီအခုထိဝတ်စရာကမရှိ "အရေးအကြောင်းအပြင်သွားမယ်ဆိုရင်ဘယ်တော့မှအင်္ကျီမရှိစိတ်ညစ်ပါတယ်ဘာဝတ်လို့ဝတ်ရမှန်းမသိတကယ်ပဲဟူးးး" "ဘာတွေသက်ပြင်းတွေချနေတာလဲသမီးငယ်..မေမေကိုပြောလေ..ဘာကူပေးရမလဲပြောစေ" "ဟီးပြောရရင်ဝတ်စရာမရှိလို့အမေ"
"ဟေဒါတွေကအင်္ကျီတွေမဟုတ်လို့ဘာတွေတုန်း..ဝတ်စရာတွေတောင်လို့ပုံနေတာကိုသမီးကဝတ်စရာမရှိဘူးဆိုတော့ဘာတွေများဝတ်ချင်လို့တုန်း" "အဲ့လိုပြောတာမဟုတ်ဘူးလေဗျာ..သမီးပြောတာကဝတ်တယ့်အင်္ကျီတွေကထပ်နေတယ်လေ..အဲ့တာကြောင့်ဘာဝတ်ရမှန်းမသိတာလို့ပြောတာပါအမေရဲ့" "ကဲဒါဆိုပန်းရောင်အနုလေးဝတ်လှတယ်..လိုက်လည်းလိုက်တယ်" "ဟိုလေအမေ..." ဘာဟိုလဲအမေကဒါဆိုဒါလိုက်လျှာမရှည်နဲ့..ရော့အဝတ်စားလဲတေ့ာ..." "ဟုတ် ဟုတ်..."
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..