Part-12

584 20 5
                                    

Unicode

"တီချယ်ဘာလို့သမီးပါးကိုရိုက်ရတာလဲ"

စိတ်ထဲတအားဝမ်းနည်းသွားသလိုနဲ့နှလုံးသားထဲမှာတအားနာကျင်သွားတယ်...

"ဒီမှာမင်းအခုစော်ကားနေတာမင်းရဲ့ဆရာမဆိုတာမင်းနားလည်ရဲ့လား..မင်းလိုဘာမဟုတ်တယ့်သူကတို့ကိုလာပြီးဝေဖန်နေတာကိုနားထောင်နေစရာဘာအကြောင်းမရှိဘူးမြတ်သီရိမောင်"

ဝေ့ရဲ့စိတ်ထဲသူရှေ့ကမျက်ရည်တွေနဲ့ကလေးမလေးကိုကြည့်ပြီရင်ထဲမှာနာကျင်မိသည်။

"လာပါသီရိရယ်သွားရအောင်နော်တီချယ်ကြားထဲကပဲမိုးတောင်းပန်ပါတယ်နော်"

"ရပါတယ်နောက်ဆိုရင်မင်းသူငယ်ချင်းကိုအပြောအဆိုဆင်ခြင်ခိုင်း..သွားမယ်ဆု"

"ဟုတ်တီချယ်"

ဆုဆိုတယ့်မိန်းခလေးကိုသီရိသိပ်မုန်းတယ်သူကြောင့်အခုလိုမျိုးဖြစ်ရတာသူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးကားပေါ်တတ်သွားတာတောင်နောက်လှည့်ပြီအောင်နိုင်သူအပြုံးနဲ့ပြုံးပြသွားသေးတယ်

"တောက်!!ငါလုံးဝမကျေနပ်ဘူးမိုးသူကိုငါတစ်ခုခုပြန်လုပ်ရမှကိုကျေနပ်မှာ"

"စိတ်လျော့ပါသီရီရယ်နင်တစ်ကိုယ်လုံးလည်းအေးစက်နေတာပဲနင်အဆင်ပြေရဲ့လား"

"အာ့!!!ရင်ဘတ်တအားအောင့်နေတယ်"

"ဟင်သီရိနင်ရင်ဘတ်ပြန်အောင့်နေတာလား...မဖြစ်ဘူးနင်အိမ်ကိုအမြန်ပြန်မှဖြစ်မယ်ဟ"

"ရတယ်ရတယ်ငါတို့သွားရအောင်ဒီနေရာမှာဆက်မနေချင်တော့ဘူး"

"အေးအေးဖြေးဖြေးချင်းလျှောက်နော်ဟဲ့"

ကားပေါ်တွင်

"တီချယ်စောစောကကောင်မလေးကိုရိုက်လိုက်တာဆုတော့မှန်တယ်ထင်တယ်ဘာလို့လဲဆိုရင်သူကဆရာကိုဆရာမှန်းမသိဘူးလေ.."

"တော်တော့ဆု..ဆက်ပြောနေမယ်ဆိုရင်ဒီနေရာကနေသာမင်းအိမ်ကိုကိုယ်ဘာသာပြန်လိုက်တော့"

"ဟိုတောင်းပန်ပါတယ်နော်ဆုကိုတော့စိတ်မဆိုးပါနဲ့နော်ဆုကလေတီချယ်ကိုပြောလို့ဆုမကျေနပ်မိလို့ပြောမိတာပါဆုကိုစိတ်မဆိုးပါနဲ့နော်"

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now