Part-19

581 23 12
                                    

Unicode

"သမီးငယ်တီချယ်ကိုမစနဲ့လေကွယ်"

"မေကြီးကလည်း"

"အဲ့လိုပဲသမီးရေအိမ်မှာလည်းအဲ့မျောက်လောင်းကိုမနိုင်ဘူးတကယ်"

"ဟုတ်လားမျောက်မလေး"

"ဟာတီချယ်နော်"

"ထပ်နမ်းပလိုက်ရမလားပြော"

အနားနားကပ်ပြောလိုက်တယ့်စကားကြောင့်‌ဝေကြက်သီးတောင်ထမိသည်။

"ဟဲ့သမီးတိုးတိုးနဲ့ဘာတွေပြောနေတာတုန်း"

"အော်ဒီလိုလေမေကြီးကလည်းမနက်ဖြန်ကနေစပြီစာလာသင်ပေးဖို့ပူဆာနေတာနော်တီချယ်"

"ဟင်...အင်းဟုတ်တယ်"

ရှက်နေတယ့်ထိုအမျိုးသမီးမျက်နှာလေးကချစ်စရာလေး...

"ဟိုဝေဖုန်းပြန်ဆက်ပေးပါ့မယ်နော်...အခုတော့ဟိုဘက်မှာဝေမိတ်ဆွေတွေဆီသွားလိုက်အုန်းမယ်"

"ကောင်းပါပြီသမီးဝေ..အန်ကယ်သမီးကိုသမီးလက်ထဲအပ်ပါတယ်"

"ဟုတ်ကဲ့အန်ကယ်"

"သမီးလိုက်ပို့ပေးမယ်လေ"

"နီးနီးလေးလေသမီးကလည်း"

"အင်းလေ"

"တီချယ်ကလည်းလာထသွားမယ်"

"ဒီကလေးနဲ့တော့ခက်တယ်ကဲကဲသွားပို့"

လိုက်ပို့တယ်ဆိုပြီခါးကိုဖက်ပြီးလိုက်လာတယ့်ကလေးစုတ်‌...

"ဟိတ်ဒီမှာခါးကိုဖက်ထားတာလေးလည်းလွှတ်အုန်းလေလူတွေကြည့်နေတယ်လေကွာ"

"ကြည့်ကြည့်ပေါ့ဘာဖြစ်လဲ"

"စာမသင်ဘဲနေလိုက်ရမလားပြော"

"အယ်မလုပ်ရဘူးလေ...ဒီတစ်ခါတော့လွှတ်ပေးလိုက်မယ်...နောက်တစ်ခါဆိုရင်တော့ရင်ခွင်ထဲအရောက်ပဲနော်"

"မင်းနော်သွားတော့"

"ဟုတ်ကဲ့တီချယ်အိမ်ပြန်ရင်လည်းဂရုစိုက်ပြန်နော်..အခုခေတ်ကအသားမစားတယ့်ကျားဆိုတာမရှိဘူးနော်"

"ဟမ်"

"သွားခွင့်ပြုပါအုန်းတီချယ်...အိမ်ရောက်ရင်ဖုန်းဆက်နော်မျှော်နေမယ်သိလား"

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now