Part-11

536 15 7
                                    

Unicode

"မမလေးထမင်းစားတော့မလားဒေါ်ကြီးထမင်းခူးလိုက်တော့မယ်လေ"

"ရတယ်ဒေါ်ကြီးဝေ့ကိုယ့်ဘာသာထမင်းခူးစားလိုက်မယ်လုပ်စရာရှိတာလုပ်လိုက်ပါဝေ့ကိုအားမနာပါနဲ့"

"ဒါဆိုဒေါ်ကြီးနောက်ဖေးမှာသိမ်းစရာရှိတာတွေသိမ်းလိုက်အုန်းမယ်နော်မမလေး"

"ကောင်းပါပြီရှင့်အော်..ဒါနဲ့မေမေရောထမင်းစားရဲ့လား"

"ဟုတ်စားတယ်မမလေး..မမလေးဆင်းမလာလို့မေးတော့မေးနေတယ်"

ထမင်းစားပြီးတော့

"ဒေါ်ကြီးထမင်းပန်းကန်ထားခဲ့ပြီနော်ဝေမနက်အတွက်ပြင်ဆင်စရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့မမလေးထားခဲ့လိုက်နော်ထမင်းစားနည်းလိုက်တာမမလေးရယ်"

"ဝေသိပ်မစားချင်လို့ပါဒေါ်ကြီး"

"ခဏနေရင်နွားနို့လေးလာပို့ပေးမယ်နော်မမလေး"

"ဟုတ်ကဲ့ကျေးဇူးပါနော်"

"ရပါတယ်မမလေးရဲ့"

ဒေါ်ကြီးဆိုတာဝေတို့ငယ်ငယ်လေးထဲကဖေဖေရွာရခေါ်လာတယ့်သူပေါ့အခုချိန်ဝေတို့အပေါ်မိသားစုအရင်းအချာတွေလိုမျိုးတောင်ဖြစ်နေပြီလေ..

ဝေအခန်းထဲရောက်တော့..

"မနက်အတွက်ကလေးတွေသင်မယ်စာတွေကိုသေချာပြန်လေ့လာလိုက်အုန်းမယ်စာစဉ်တွေလည်းစစ်မေးရအုန်းမှာပဲဟူးး"

"တီချယ်ကလိုင်းလည်းတတ်မလာတော့ဘူး..အော်သူဟာသူလိုင်းတတ်တတ်မတတ်တတ်ကငါနဲ့ဆိုင်တာကြနေတာပဲတော်ပြီရုပ်ရှင်ပဲကြည့်တော့မယ်"

"ဟူးဒီနေ့တော့ဒီလောက်ပဲစစ်တော့မယ်မနက်‌ကျူရှင်သွားရမှာစောစောအိပ်မှဖြစ်မယ်"

ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းထဲကိုဝင်သွားတော့သည်။

ရေချိုးခန်းထဲကထွက်လာပြီမှန်တင်ခုံရှေ့သွားပြီထုံးထားတယ့်ဆံပင်အရှည်လေးက်ုဖြည်ချလိုက်တယ်လိမ်းစရာရှိတယ့်အရာများကိုလိမ်းပြီးအိပ်ယာထဲဝင်တော့သည်။

"အိပ်လို့လည်းမပျော်ပါလားလိုင်းလေးခဏလောက်တော့တတ်လိုက်ပါအုန်းမယ်လေ"

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now