Unicode
ကျူရှင်အပ်နေတုန်းရေမွှေးနံ့သင်းသင်းလေးရလို့လှည့်ကြည့်လိုက်မိတာ "ဟင်! ဟို..ငါကျောင်းမှာဝင်တိုက်မိတယ့်အမ" ထိုအမျိုးသမီးကငါကိုမှတ်မိတယ်လို့မထင်ပါဘူး..သူစာဝင်သင်မယ့်ကိစ္စကိုထိုင်ပြောနေတာနဲ့ငါကိုတောင်မြင်မယ်မထင်ဘူးလို့တွေးနေတုန်း "ဟိတ်ဘာတွေအဲ့လောက်စိုက်ကြည့်နေတာလဲကွတို့ကိုမမှတ်မိတော့ဘူးဟင်"သူမအသံလေးကချိုလိုက်တာသူအပြုံးလေးတွေကလည်းသိပ်လှတာပဲရင်ဘတ်ထဲကအကောက်ပေါက်လေးကတအားရင်ခုန်နေမိတယ်..
"ဟို...မှတ်မိပါတယ်..."ပြောနေရင်းခြေဖျားလက်ဖျားတွေအေးစက်လာမိတယ်.."ဟယ်အသံတွေပါတုန်နေပါလားနေမကောင်းလို့လားကလေး.."ကလေးတယ့်လားနားဝင်ချိုလိုက်တာ...နားထဲကိုပျားရည်စက်လေးကျသွားသလားအောက်မေ့ရတယ်အမျိုးသမီးလေးရယ်..တွေးနေမိတုန်းသူမရဲ့လက်ကလေးတွေကနဖူးပေါ်ရောက်လာတယ်"အဆင်ပြေရဲ့လားကလေး"
"ဘုရားရေ......ငါသေများသေသွားပြီလား"
"ဟို...အဆင်ပြေပါတယ်...ပြန်တော့မယ်နော်ဆိုပြီအသည်းအသန်ပြေးဆင်းလာမိတော့တယ်..
အောက်ရောက်မှာ "ဟင်! မိုးအပေါ်မှာကျန်ခဲ့တာပဲသေလိုက်ပါတော့မိသီရိရယ်ဟိုကဘာလို့ပြေးဆင်းလာတာလဲမေးရင်ငါဘယ်လိုဖြေရမလဲသေစမ်းဟယ်တကယ်ပဲစိတ်ညစ်ပါတယ်"
"မဖြစ်သေးပါဘူးသူကိုပြန်သွားခေါ်ရင်လည်းဟိုအမျိုးသမီးနဲ့ထပ်တွေ့နေရအုန်းမယ်ဘယ်လိုလုပ်ရမလဲစဥ်းစားစမ်း..." မိုးကိုဘယ်လိုပြန်ခေါ်ရမလဲတွေးနေတုန်း "ဟဲ့သီရိမနင်ငါကိုတောင်ထားပြီးပြေးဆင်းသွားတယ့်အကြောင်းလေးငါ့ကိုပြောစမ်းဟဲ့"
"အောင်မလေးလန့်တာမိုးရယ်..ငါပြေးဆင်းချင်လို့ပြေးဆင်းလာတာမဟုတ်ပါဘူးဟ..ဟို..ဟာ..လေ..ငါအိမ်သာသွားချင်လို့ပြေးဆင်းလာမိတာ" "သေချာရဲ့လားမိုးနင်မလိမ်တတ်ဘဲနဲ့မလိမ်နဲ့နော်နင်အကြောင်းငါသိတယ်"
"ဟလိမ်စရာလားငါတကယ်အိမ်သာသွားချင်လို့ပြေးဆင်းလာမိတာပါ.." "နင်ဟိုတီချယ်လေးကြောင့်ပြေးဆင်းလာတာတော့မဟုတ်ပါဘူးနော်" "ပေါက်ကရတွေဟယ်ငါကဘာလို့သူကြောင့်ပြေးဆင်းလာရမှာလဲဟ"
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..