Part-2

1K 27 1
                                    

Unicode

စာစဥ်တင်ပြီအပြန်မိုးနဲ့အတူတူမုန့်စားဖို့jcသွားကျတာပေါ့...မုန့်စားနေရင်းနဲ့အတွေးထဲမှာဝင်တိုက်မိတယ့်အမျိုးသမီးလေးကိုသတိရနေမိတယ်..ဘယ်သူဘယ်ကမှန်းမသိတယ့်သူတစ်ယောက်ကိုခဏတာလေးနဲ့စွဲလန်းမိသွားတာအတိတ်ကအကိုကလွဲရင်မဖြစ်ခဲ့ဖူးဘူး..အခုတော့ထိုအမျိုးသမီးလေးကိုစိတ်ထဲစွဲလန်းနေမိတယ်..ဟူးးးး"ဟဲ့သီရိမနင်ဘာတွေသတ်ပြင်းချနေတာလဲဟ" "ဘာမှမဟုတ်ပါဘူးဟယ်..ငါဒီတိုင်းတွေးနေတာပါဟ"

"နင်ကိုခေါ်နေတာကြာနေပြီနင်ကအတွေးလွန်ကောင်းနေတာပေါ့လေ..." "ဘာလဲနင်အခုထိသူကိုမမေ့နိုင်သေးဘူးလားဟ..နင်ကိုလှည့်စားသွားတယ့်သူကိုနင်ကအခုထိတမ်းတနေတုန်းလားဟာ.."

"တော်တော့မိုးငါကိုပြန်အစမဖော်ပါနဲ့..သူမရှိဘဲနေတတ်အောင်ငါအများကြီးပေးဆပ်ထားရတာ.နင်အသိဆုံးပဲ".."ကဲ..ခေါ်တယ့်အကြောင်းရင်းလေး​ပြောပါအုန်းဟ" "အေးပါဟ ပြောပါ့မယ်..ဒီလိုဟယ်ငါတို့စာစဥ်လည်းတင်ပြီးပြီလေ" "ဟဲ့နင်ပြောမလားငါသိတယ်လေဟ"

"စကားကိုဆုံးအောင်နားမထောင်ဘူး" "ပြောဟယ်ပြော.."ကျူရှင်တတ်မယ့်ကိစ္စကိုစုံစမ်းရအောင်လို့ပြောမလို့ဟ..ငါတို့နားမှာလည်းကျူရှင်တစ်ခုရှိတယ်။အဲ့မှာသွားတတ်ရအောင်လို့ပြောမလို့" "အဲ့ကျူရှင်ကသူတွေကအောင်ချက်လည်းကောင်းတယ်တယ့်ငါကြားရသလောက်ကအဲ့တော့နင်နဲ့ငါသွားတတ်ရအောင်..နင်ဘယ်လိုသဘောရလဲ"

"တတ်မှာပေါ့ဟ..မဟုတ်ရင်ခွေးဖြစ်သွားလိမ့်မယ်" "ဘယ်နားကကျူရှင်လဲဆိုတာငါကိုပြောအုန်း..သိတယ့်အတိုင်းအိမ်ကမာတာမိခင်ကိုတင်ပြရအုန်းမယ်လေ.." "အေးပါဟ..အန်တီကခွင့်ပြုမှာပါ..နင်လည်းပထမနှစ်ကျောင်းသူဖြစ်နေပြီအဲ့လောက်ထိနင်ကိုမချုပ်ချယ်လောက်ပါဘူးဟယ်" "မိုးရယ်ငါမိသားစုအကြောင်းမသိတာကျနေတာပဲ..$ပိုတွေကပြောနေပြီ"

"ကဲဒေါ်မိုးရေ...လေလေးတွေလျော့ပြီအိမ်ပြန်ကျရအောင်ဟယ်"ငါနားချင်နေပြီ..ညနေ့ကျရင်အဖေကပြန်ရောက်မှာငါကိုမတွေ့ရင်အဖေဆူလိမ့်မယ်" "အေးအေးပြန်မယ်လေ" "ပိုက်ဆံရှင်းလိုက်အုန်းမယ်" "ဟဲ့ဒါနဲ့ကျူရှင်နာမည်ကဘာတဲ့လည်းအမေမေးရင်ဖြေလို့ရအောင်လို့လေ.."

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now