Unicode
နားနေဆောင်ကိုအမြန်ပြန်ပြေးလာခဲ့သည်။
"ဝေဘာဖြစ်လာတာလဲမျက်နှာကြီးလည်းနီရဲနေတာပဲ"
"ရှင်..ဟို...ဘာမှမဖြစ်ပါဘူးမမစု.."
"သေချာရဲလားမျက်နှာလေးကခရမ်းချဉ်ကြီးလေးကျနေတာပဲရဲနေတာပဲနော်အပျိုကြီး"
"ဟာမမစုနော်ဘာတွေပြောနေလဲကိုမသိဘူးတော်ပြီစာသင်ချိန်နောက်ကျတော့မယ်သွားပြီ"
"အပျိုကြီးတော့ဘာတွေရှက်နေလဲမသိတော့ဟေ့"
ဘုရားဘုရားငါဘာတွေလုပ်မိနေတာပါလဲ...ပြီးတော့ငါထပ်ငယ်တယ့်မိန်းကလေးတစ်ယောက်ကိုပထမဆုံးအနမ်းကိုပေးမိသွားတာ..ဘုရားရေမိဝေနင်ဘာတွေဖြစ်နေတာလဲရင်တွေလည်းခုန်နေမိတယ်..
"အာ့!!"
အတွေးလွန်နေတုန်းတစ်ယောက်ယောက်နဲ့ဝင်တိုက်မိသွားသည်။
"Sorry ကွယ်တီချယ်မမြင်.."
"ဘာတွေအတွေးလွန်နေတာလဲတီချယ်"
"ဟင်...မင်း...ဘယ်ကနေသလိုရောက်လာတာလဲ"
"ဘယ်ကဘယ်လိုရောက်လာရမှာလဲတစ်ချို့တွေကပါးလေးကိုနမ်းခိုင်းတာကိုဘယ်သူမှမနမ်းရသေးတယ့်...."
"ဟိတ်တော်တော့နော်"
ဝေခြေဖျားလေးထောက်ပြီသူပါးစပ်ကိုလက်နဲ့လှမ်းပိတ်လိုက်ရတယ်...
"တို့ရှက်တယ်ကွယ်..ဆက်မပြောနဲ့တော့.."
"အော်သူပဲရှက်ပြီးထွက်ပြေးလာတယ်ပေါ့လေ..တာဝန်တော့ယူရမယ်လေသူများရဲ့ပထမဆုံးအနမ်းကိုယူသွားတာလေ"
ပြောရင်းနဲ့ခါးကိုအတင်းလာဖက်တော့ထပ်ပြီးနီးကပ်သွားတော့မယ့်မျက်နှာလေး...
"အို!!မင်းနော်တခြားသူတွေမြင်သွားရင်မကောင်းဘူးတို့သိက္ခာကိုငဲ့ပါအုန်းဖက်ထားတာလည်းလွှတ်ပါအုန်း"
"ဟင့်အင်းမလွှတ်ချင်တော့ဘူး"
"ဟာပြောလေဆိုးလေပါလားတို့အသက်ရှုရခက်နေပြီ"
"မျက်နှာလေးကခရမ်းချဉ်သီးလေးဖြစ်နေပြီတီချယ်"
"မင်းကအတင်းဖက်ထားတာကိုလွှတ်ပါအုန်း...မဟုတ်ရင်တို့အော်မိမှာနော်"
![](https://img.wattpad.com/cover/358737835-288-k312720.jpg)
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..