Unicode
ကားပေါ်တတ်တော့လည်းအူကြောင်ကြောင်လေးနဲ့...
"ဟိတ်ကလေးမမင်းခါးပတ်မပတ်တော့ဘူး...အန္တာရယ်ဆိုတာကြိုမြင်ရတယ့်အရာမဟုတ်ဘူး....တို့လုပ်ပေးမယ်.."
"ရှင်..ဟိုရပါတယ်တီချယ်ကိုယ့်ဘာသာပဲလုပ်လိုက်ပါ့မယ်"
"ပြီးရောဒါနဲ့မင်းကတို့ကိုကြောက်နေတာလားတို့ပုံစံကကြောက်စရာကောင်းနေလို့လားကွယ်"
"မဟုတ်ပါဘူးတီချယ်..တီချယ်ကချစ်စရာလေးပါ" သေလိုက်ပါတော့ဟယ်စိတ်ထဲကပြောတယ့်စကားကလွှတ်ခနဲ့ထွက်လာမိတော့ချွေးပါပြန်လာတယ်
"အယ်ဟုတ်လားတို့ကချစ်ဖို့ကောင်းတယ်ပေါ့ဟုတ်လားကလေးမ"
ဝေ့ကိုတောင်မကြည့်ဘဲခေါင်းကိုအတင်းငုတ်ထားလေရဲ့
"ဟုတ်တီချယ်"
"ကဲတို့နာမည်ကဒေါ်မြနှင်းဝေတယ့်မင်းတို့မေဂျာဆရာမဆိုပါတော့...ကျူရှင်မှာရောကျောင်းမှာရောမင်းတို့ကိုသင်ရမယ့်သူပေါ့..တို့ကpaper 1သင်မှာနောက်တီချယ်တစ်ယောက်ကpaper2သင်လိမ့်မယ်"
"ဟုတ်တီချယ်သီရိနာမည်ကမြတ်သီရိမောင်ပါသူငယ်ချင်းတွေကတော့သီရိလို့ခေါ်ကြတယ်..စာနဲ့ပတ်သတ်လို့မသိတာရှိရင်လာမေးလို့ရတယ်မလားတီချယ်"
"ရပါတယ်ရှင့်ကြိုက်တယ့်အချိန်လာမေးဟုတ်ပြီလား..မင်းကဒီမှာနေတာဆိုတော့ကျူရှင်နဲ့မဝေးဘူးလား..နေ့တိုင်းတစ်ယောက်ထဲသွားနေရတာမလား.."
"နည်းနည်းတော့ဝေးတာပေါ့တီချယ်..တစ်ယောက်ထဲသွားရတာတော့ဟုတ်တယ်..မိုးကကားဂိတ်မှာစောင့်နေပေးတယ်လေ..အဲ့တော့အဆင်ပြေပါတယ်..အိမ်ကိုလည်းဒုက္ခမပေးချင်တာလည်းပါတယ်"
"ရှင်လေးကသိတတ်နေလိုက်တာ..အလိမ္မာတုန်းလေးပဲ..သီချင်းနားထောင်တတ်တယ်မလားဘာသီချင်းတွေကြိုက်လဲတို့ဖွင့်ပေးမယ်လေ"
"အကုန်ကြိုက်တယ်တီချယ်ဘာပဲဖြစ်ဖြစ်ဖွင့်လိုရပါတယ်ရှင့်"
ဒီလိုနဲ့ကျူရှင်ရှိတယ့်အရပ်လေးသို့တဖြည်းဖြည်းနဲ့ရောက်ရှိလာသည်။
"ရောက်ပါပြီရှင့်ရော့တို့ရဲ့fileအိတ်လေးတစ်ချက်သယ်သွားပေးနော်..နောက်ကနေလိုက်လာခဲ့မယ်ကားပါကင်ရတုန်းလေးကားသွားရပ်ထားမလို့"
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..