Part-7

448 12 5
                                    

Unicode

စာအုပ်ဆိုင်ကသိပ်တော့အဝေးကြီးမဟုတ်ပါဘူး..တစ်လမ်းကျော်လေးမှာပဲ..စာအုပ်ဆိုင်ရောက်တော့...

"ဦးလေးရေ..ဦးလေးစာအုပ်လေးပြန်အပ်ချင်လို့" "လာပြီလာပြီသမီးရေဦးလေးနောက်ဖေးရောက်နေလို့ခဏလေးနော်"

"ရတယ်ဦးလေးသမီးထပ်ငှားမယ်စာအုပ်လေးတွေကြည့်ထားလိုက်မယ်" "အေးအေးလာပြီသမီးရေကဲပြောပါအုန်းဒီတစ်ခါရောဘယ်နှစ်အုပ်တောင်ငှားအုန်းမှာတုန်း"

"ဟီးဒီတစ်ခါတောါ၂အုပ်လောက်ပဲငှားတော့မယ်ဦးလေးရေအမေကစာအုပ်တွေအများကြီးငှားလာရင်ဆူလို့" "ဦးလေးရေသွားပြီနော်တာ့တာ" "ဖြေးဖြေးလည်းသွားအုန်းငါ့တူမကြီးရေ"

"ဟုတ်ကဲ့ပါရှင့်" "ချစ်မေကြီးရေပြန်ရောက်ပြီနော်...ဟူးးးမောလိုက်တာလူတွေရယ်တကယ်ပါပဲ..မထူးပါဘူးအိပ်လိုက်တာကအကျိုးရှိမယ်နောက်မှထမင်းထစားတော့မယ်"

ကုတင်ပေါ်ပစ်လှဲပြီးမျက်နှာကြပ်ကိုကြည့်နေရင်းမနက်ကဟိုအမျိုးသမီးမျက်နှာလေးကအလိုလိုနေရင်းပေါ်လာမိတယ်...

"သူကငါတို့ကိုစာသင်မယ်တီချယ်တယ့်ဘာတဲ့သူငါကိုခေါ်လိုက်တာကလေးလေးတယ့်...ဟီးးဘုန်းး!အားးသေပါပြီအမေ့ရဲ့!"

သီရိတစ်ယောက်အပျော်လွန်ပြီကုတင်ပေါ်က‌နေပြုတ်ကျလေရဲ့...

"သေပါပြီနာလိုက်တာ...ဆုံတာမှနှစ်ခါပဲရှိသေးတယ်တွေ့တယ့်အခါတိုင်းကလည်းအလွဲလွဲအချော်ချော်နဲ့အခုလည်းသူအကြောင်းလေးတွေးမိတာကုတင်ပေါ်ကတောင်ပြုတ်ကျရတယ်လို့ငါနဲ့နော်တကယ်ပါပဲ"

ဝေအိပ်ယာနိုးလာတော့ညနေ၄နာရီတောင်ထိုးနေပြီပဲ"မဖြစ်သေးပါဘူးလေကလေးတွေရဲ့စာစဉ်တွေစစ်ရအုန်းမှာပဲ..."

စာစစ်နေရင်းမနက်ကကလေးမလေးအကြောင်းခေါင်းထဲဝင်လာမိတယ်...

"ဘယ်လိုကလေးမလေးလည်းမသိပါဘူးငါ့မြင်တာနဲ့လန့်နေတော့တာပဲ..ချစ်တော့ချစ်စရာလေး...နာမည်လေးကမြတ်သီရိမောင်တယ့်လူကတော့မယ်ရှက်ပြာလေးပါလားနော်..ဟူးး"

ဒေါက်!!ဒေါက်!!

"ဝင်ခဲ့လေတံခါးဖွင့်ထားတယ်" "အော်အေးပုံဘာပြောမလို့လဲပြောလေ.."

မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်Where stories live. Discover now