Unicode
"ဟိတ်နေမကောင်းဘူးဆို"
ဘယ်သူဆီကစာလည်းဆိုပြီဝင်ကြည့်လိုက်တာသူမဖြစ်နေတယ်လေ..
"အင်း"
"တို့ကိုစိတ်ဆိုးနေတာလားဟင်"
"ဘာလို့သိချင်နေရတာလဲတီချယ်"
"တို့ရိုက်လိုက်မိတာလွန်သွားတယ်ဆိုတာတို့သိပါတယ်မင်းကတို့သိက္ခာကိုစော်ကားတာလေမင်းလည်းမှားတာပဲကိုပြီးတော့တို့နဲ့ဆုနဲ့ကဘာမှမဆိုင်တာကိုမင်းကပေါက်ကရတွေလျှောက်ပြောနေတာလေ"
"ခဏနေပါအုန်းဘယ်သူကတီချယ်ကိုရှင်းပြခိုင်းလို့လဲ"
"ဟောမင်းကတို့ကိုအထင်လွဲပြီစိတ်ဆိုးနေတယ်ထင်လို့ရှင်းပြနေတာလေ"
"အမှန်တိုင်းပြောရရင်စိတ်ဆိုးတာထက်စိတ်နာသွားတာဆိုရင်ပိုမှန်မယ်"
"မင်းကလည်းကွာတို့ကအကြီးဖြစ်ပြီအငယ်ကိုချော့နေတာကိုနည်းနည်းလေးတော့အလျော့ပေးသင့်ပါတယ်"
"ဘာလို့သီရိကိုချော့နေရတာလဲတီချယ်..သီရိတို့ကအရမ်းခင်တယ့်သိတယ့်သူတွေလည်းမဟုတ်ဘဲနဲ့ကို"
"အင်းပါလေတို့ကကိုယ်အမှားကိုကိုယ်သိလို့တောင်းပန်ချင်လို့ဆရာမဖြစ်နေတာတောင်ဘေးဖယ်ထားပြီးရှင်းပြနေတာကိုနားမလည်ပေးချင်ဘူးဆိုလည်းထားပါတော့လေ...တို့အိပ်တော့မယ်"
"မိုးငါကိုတစ်ခုကူညီပါအုန်း"
"ဟေတီချယ်နဲ့ဘာဖြစ်လို့တုန်း"
"ဟမ်နင်ကဘယ်လိုသိတာလဲဟ"
"ထားပါအခုတီချယ်ကနင်ကိုလာချော့လို့လား"
"အေးဟုတ်တယ်"
"ဟယ်တကယ်ကြီးလာချော့တာလား"
"အေးတကယ်ပါဆိုနင်ဘာဖြစ်နေတာလဲဟ"
"ဟဲ့အဲ့တာကိုနင်ကဘာဖြစ်လို့လဲ"
"ပြမယ်"
Ssရိုက်ပြလိုက်တော့...
"ဟယ်နင်ကလည်းတီချယ်ကအကြီးဖြစ်ပြီနင်ကိုပြန်ချော့နေတာကိုနင်ကချေမိုးနေလိုက်တာ"
"ဟဲ့ပါးအရိုက်ခံထားရတာငါပါဟ"
"နင်လည်းသူကိုပြောဆိုထားတာပဲဘာပဲဖြစ်ဖြစ်နင်သူကိုပြန်ခေါ်လိုက်ပါဟာ..ငါတော့သင့်သင့်မြတ်မြတ်ရှိစေချင်တယ်နင်တို့ကို"
![](https://img.wattpad.com/cover/358737835-288-k312720.jpg)
YOU ARE READING
မြတ်နိုးမိတဲ့ပင်မြင့်ထက်ကသဇင်ပန်းလေးတစ်ပွင့်
Romanceသိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..