"မုန်းဖို့ကောင်းလိုက်တာ ! "

8.6K 410 10
                                    

[Unicode]

* တီ...တီ...တီ...*

ခုံပေါ်ရှ်ိနှိုးစက်၏ကျယ်လောင်စွာထွက်ပေါ်လာသည့်အသံကြောင့် တုနှိုင်းသစ္စာလန့်နိုးလာသည်။ သူအိပ်ချင်မူးတူးဖြင့် နှိုးစက်အား လက်ဖြင့်ဖိကာ ပိတ်လိုက်ပြီး ပြန်အိပ်ရန်ပြင်လိုက်‌သော်လည်း ခေါင်းထဲသို့ ချက်ခြင်းဝင်ရောက်လာသော အကြောင်းကိစ္စတစ်ခုကြောင့် အိပ်ချင်သည့်စိတ်ဟာ အဝေးသို့လွင့်ပျောက်သွားရတော့သည်။

" ဈာန် ညကအိမ်မှာအိပ်တာဘဲ "

တုနှိုင်းသစ္စာ ဖုန်းအားဖွင့်၍ အချိန်ကိုကြည့်လိုက်သည့်အခါမနက် ခြောက်နာရီခွဲသာရှိသေးသည်။ သူထပ်အိပ်ချင်နေသေးသော်လည်း ဈာန်ဘုန်းစက်ရိပ်အတွက် အမူးပြေဟင်းချိုတစ်ခွက်လောက်တော့ ချက်ပေးချင်မိသည် ။ သူ့လက်ဖြင့်ထိထားသမျှအရာအားလုံးကို ဈာန်ဘုန်းစက်ရိပ်ကရွံရှာသည်ဟု ပြောထားတာသိသော်ငြားလည်း အမှတ်မရှိ ထိုလူသားအတွက် မေတ္တာထားကာ ချက်ပြုတ်ချင်ပေးသေးသည်။

သူမျက်နှာသစ် တစ်ကိုယ်ရည်သန့်ရှင်းလုပ်ကာ အောက်ထပ်ရှိမီးဖိုဆောင်ထဲသို့ ဆင်းလာခဲ့လိုက်၏ ။ ထိုအချိန်တွင် ခုနှစ်နာရီသာရှိသေးသည် ။ သူရေခဲ့သေတ္တာထဲမှ ပဲပင်ပေါက် အချို့ကိုယူကာ ဆားအနည်းငယ်ခပ်၍ ရေစိမ်ထားလိုက်သည်။ ဆယ်ငါးမိနစ်ခန့်လောက်ကြာသည့်အခါတွင် ရေစိမ်ထားသောပဲပင်ပေါက်များကို စင်ကြယ်အောင်အထပ်ထပ် အခါအခါဆေးကာ ပွတ်ပွတ်ဆူနေအောင်တည်ထားသော အရသာခပ်ထားသည့် ဟင်းရည်ထဲသို့ထည့်လိုက်သည် ။ ဤသို့နှင့် အမူပြေဟင်းချိုတစ်ခွက်အား ရရှိသွားခဲ့‌ပေသည်။ အရံအနေဖြင့် ပျားရည်နှင့်ရေနွေးအားရောစပ်၍ ဖျော်ရည်တစ်ခွက်လည်းဖျော်ပေးထားသေးသည်။ အချိန်အားဖြင့် နာရီဝက်မျှသာ ကြာမြင့်ခဲ့သည်။

Sweetie သည် ‌ချက်ပြုတ်ရင်းအလုပ်ရှုပ်နေသောသခင်ဖြစ်သူ တုနှိုင်းသစ္စာ၏ ခြေထောက်အားခေါင်းဖြင့် ပွတ်သပ်လိုက် လက်ဖြင့်ကုပ်လိုက်နှင့် ဟောင်ကာအစာတောင်းနေသည်။

" ဝုတ် ! ဝုတ် ! "

Sweetie ၏ဟောင်သံကြောင့် တုနှိုင်းသစ္စာတစ်ယောက် အလန့်တကြားဖြင့်စိုးထိတ်သွားရတော့သည်။ အကြောင်းမှာ sweetie ၏ဟောင်သံကြောင့် ဈာန်နိုးသွားမှာစိုးတာကြောင့်ပင် ။ ထို့ကြောင့် အလျှင်အမြန် ပါးလျသောနှုတ်ခမ်းနှစ်လွှာနားသို့ လက်ညိုးလေးကပ်ကာ sweetie အားဆက်မဟောင်ရန်ပြောလာခဲ့သည်။

"Oh ! My Lovely Husband" (ongoing)Where stories live. Discover now