[Unicode]
"ငါမသိတဲ့ကိစ္စကို ငါဘယ်လိုရှင်းပြပေးရမလဲ ဈာန်ရယ် ငါဒီအိမ်ကနေ တဖဝါးမှမခွာခဲ့ပါဘူး ကျိန်ဆိုကျိန်ပြပါ့မယ်ဈာန်ရာ "
နှိုင်း၏ မျက်ဝန်းမှ မျက်ရည်နှင့် သူထွက်မလာခင်တွေ့လိုက်ရသော သတိုး၏ ခနဲ့တဲ့တဲ့ အပြုံးကို ဈာန်မြင်ယောင်လာတယ်။ မဟုတ်မှ သတိုးမင်းမြတ် သပ်သပ်ဆေးထိုးလိုက်တာလား...?
နှိုင်း၏ အင်္ကျီလည်ပင်းအား တင်းကြပ်စွာဆုတ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကို ဈာန်ဖြေလျော့လိုက်သည် ။ ထို့နောက် တင်းမာနေသော မျက်နှာထားဟာလည်း ပြေလျော့သွား၏ ။ သူလွန်သွားပြီလား? သို့သော်လည်း နှိုင်းအားတောင်းပန်ရန်စိတ်ကူးမရှိပေ။ ထိုအစား ဧည့်ခန်းထဲမှ လှည့်ထွက်ရန်ပြင်လိုက်သည် ။ ထိုအချိန်တွင် နှိုင်းသည် အနည်းငယ်တုန်ရင်နေသော လေသံဖြင့်
" ဈာန် ထမင်းစားအုံးမလား "
" မစားဘူး !! "
နှိုင်း တိတ်ဆိတ်မှုဖြင့်သာ ဧည့်ခန်းထဲတွင် ကျန်နေခဲ့လိုက်တော့သည် ။ ဤသည်က ဈာန့်အား သူကူညီပေးနိုင်သည့် အကောင်းဆုံး နည်းလမ်းတစ်ခုပင် ။ တုနှိုင်းသစ္စာ နံရံကိုအမှီပြုကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး မူးဝေနေမှုကိုသက်သာစေရန် နားထင်အား အနည်းငယ်ပွတ်သပ်လိုက်သည် ။ ယခုရက်ပိုင်း အရင်ကထပ် ပိုမိုချူချာလာတဲ့ သူရဲ့ခန္ဓာကိုယ်ကို သူမုန်းချင်မိလာတယ် ။ မူးဝေမှုက အကြိမ်ရေစိတ်လာသလို ညသန်းခေါင်အချိန်တိုင်း မိမိ၏လည်ပင်းအနောက်ဘက်မှ ဓားဖြင့်ထိုးထားသလို နာကျင်မှုကို ခနခနခံစားလာရသည် ။ ထိုသို့ ဝေဒနာခံစားရသည့်အချိန်တိုင်း အိမ်တွင် သူတစ်ယောက်တည်းရှိနေတာကြောင့် သေသွားလျှင် သိသည့်လူရှိပါ့မလားဟူ၍ပင် စိုးရိမ်မိသည် ။
တုနှိုင်းသစ္စာနံရံအားမှီ၍ တံခါးဝကိုလှမ်းကြည့်လိုက်သည် ။
" Sweetie"
နှစ်ခါပင် မခေါ်လိုက်ရပေ ။ sweetie သည် ခေါင်းငိုက်စိုက်ချကာ အမြှီးနှံ့လျှက် အိမ်ထဲသို့ဝင်လာခဲ့၏ ။ တုနှိုင်းသစ္စာသည် မိမိအားတိုးဝှေ့ နေသောsweetie၏ခေါင်းအား လက်ဖြင့် သပ်ပေးလိုက်သည် ။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..