သွေးသားရင်းချာ

9.2K 531 57
                                    

Unicode

နှိုင်းသည် လက်ထဲက ဖုန်းအားဖွင့်၍ note ထဲတွင်မှတ်ထားသော လိပ်စာအားအသေချာပြန်ကြည့်လိုက်သည် ။

" အကိုရှေးဦးခေတ်ရဲ့ company က ဒီအဆောက်အဦးဆိုတာသေချာပါတယ် ဒါဆိုဘာလို့ ဧည့်ကြိုကမဟုတ်ဘူးပြောရတာလဲ "

နှိုင်းအနည်းငယ်တော့ စိတ်ထဲသင်္ကာမကင်းဖြစ်သွားသည် ။ အကို ရှေးဦးခေတ် သူ့ကိုမတွေ့ချင်လို့များလား ၊ ဒါတော့မဖြစ်နိုင်ပေ ၊ ရှေးဦးခေတ်၏ အတွင်းစိတ်ဘယ်လောက်ဖြူစင်လဲ သူအသိဆုံး .

" ပါးပါး မုန့်မုန့် "

မိန့်ခွန်းမဟာ သည်နှိုင်း အင်္ကျီစလေးအား လှုပ်ဆွဲ၍ပူဆာလာသည် ။

" ဗိုက်ဆာနေပြီလား"

မဟာသည် နှုတ်ခမ်းလေးစူကာ ခေါင်းညိမ့်ပြလာသည် ။ နှိုင်းနာရီကိုကြည့်လိုက်တော့ ညနေပင်စောင်းပေဖြစ်တော့မည် ၊ အခုထိ မဟာအား မနက်စာမှအပ အခြားမကျွေးရသေး

" အာ ခနနေသွားစားမယ်နော် "

" ဟင့်... ထုချားချင် ( ခုစားချင် ) "

မဟာက မဲ့ပြီးပြောလာတော့ နှိုင်းလည်း မကြည့်ရက်တော့ ၊ သူ မဟာအားချီ၍ ထို အဆောက်အဦးထဲမှ ထွက်မည်အပြု‌တွင် သူ့နာမည်အား ခေါ်လိုက်သည်ကို ကြားလိုက်ရတာကြောင့် ထိတ်လန့်သွားသည် ။ ဘယ်သူများဖြစ်နေမလဲ။ သူ့အားသိသည့်လူမှာ လက်ချိုးရည်လျှင် ၅ ယောက်ပင်မပြည့် ၊ နှိုင်းဖြည်းဖြည်းချင်းလှည့်ကြည့်လာတော့ သူ့အား ဝတ္တရားအရပြုံးပြနေသော သတိုးမင်းမြတ်အားတွေ့လိုက်ရသည် ။

" အကို တုနှ်ိုင်းသစ္စာ ၊ မတွေ့တာကြာပြီနော် "

" ဟုတ်တယ်... မတွေ့တာကြာပြီ "

နှိုင်းအနည်းငယ်အသက်ရှုချောင်သွားသည်ဟုဆိုရပေမည် ။ အကြောင်းမှာ သူမတွေ့ချင်သည့်သူမဟုတ်တာကြောင့်ပေ ။

သတိုး၏ မျက်လုံးများသည် နှိုင်းချီထားသော မဟာပေါ်သို့ကျရောက်သွားသည် ။

" ဒီကလေးက ...."

" အကို့ သားလေးပါ "

" ဈာန်..ရဲ့..."

သတိုး၏ စကားပင်မဆုံးသေး နှိုင်းသည် စိုးရိမ်တကြီး စကားဖျက်ပြောလာသည် ။

"Oh ! My Lovely Husband" (ongoing)Where stories live. Discover now