Unicode
" ကျွန်တော်က အိမ်ထောင်သည်ပါ "
ဒီတစ်ခါ အံဩသွားရသူမှာ ရှေးဦးခေတ်သာဖြစ်သည် ။ သူအကဲခတ်ကြည့်ရသလောက်ဆိုရင် သူ့ရှေ့ကလူသားထံတွင် အပိုင်အဖြစ်သတ်မှတ်ခံထားရသော pheromones တစ်ခုတစ်လေမျှမရှိပေ ၊ အကယ်၍ တုနှိုင်းသစ္စာသည် Alpha တစ်ဦးနှင့်လက်ထပ်ထားသည်ဆိုလျှင် ထို Alpha က တုနှိုင်းသစ္စာအား သူ့အပိုင်အဖြစ် pheromone များနှင့်လွှမ်းခြုံထားမည်မှာ ဧကန်မလွဲပေ ။ ရှေးဦးခေတ်ကိုယ်တိုင်လည်း Alpha ဖြစ်နေသည့်အတွက်ကြောင့် Alpha တို့၏ ပိုင်ဆိုင်လိုစိတ်ပြင်းထန်မှုကို သေချာပေါက်သိသည် ။
" အာ.. sorry ၊ မင်း ခန္ဓာကိုယ်မှာ အပိုင်ဖြစ်သတ်မှတ်ထားတဲ့ pheromone မတွေ့မိတော့ လူလွတ်လို့ထင်လိုက်မိတာ တကယ်တောင်းပန်ပါတယ် "
ရှေးဦးခေတ်သည် သဘောရိုးဖြင့် တောင်းပန်လိုက်သော်လည်း တုနှိုင်းသစ္စာအဖို့ စိတ်နှလုံးမွန်းကြပ်ခြင်းကိုချက်ခြင်းလက်ငင်းခံစားလိုက်ရသည်။ ဈာန် နှင့်သူ၏အိမ်ထောင်ရေးဟာ ၁ နှစ်ကျော် ၂ နှစ်ပင်ပြည့်တော့မည် ထိုအချိန်ကာလအတွင်း ဈာန်ဟာသူ့အပေါ် အလိုရမက်ဖြင့်ထိတွေ့မှု တကြိမ်တစ်ခါပင်မရှိခဲ့ဖူးပေ ။ သူဟာ Beta တစ်ဦးဖြစ်ပြီး pheromone တွေကိုခံစားနိုင်စွမ်းမရှိသော်ငြားလည်း ဈာန်ဟာသတိကြီးစွာပြီး သူrut ဖြစ်သည့်အခါတိုင်း တုနှိုင်းသစ္စာအား အနားကပ်ခွင့်လုံးဝမပေးပေ ။ rut ကာလကိုအသုံးချ၍ သူနှင့်အတူအိပ်ခွင့်ရရန်ကြံစည်မှာစိုးသည် ဟူ၍....
တုနှိုင်းသစ္စာ၏ စိတ်ခံစားချက်ဟာ မျက်နှာပေါ်တွင်အထင်းသားပေါ်သွားဟန်ရှိသည် ။ ရှေးဦးခေတ်သည် နှိုင်းအားကြည့်ကာ အရိပ်အကဲခတ်တတ်သူပီပီ တစ်စုံတစ်ခုအားတွေးမိသွားပြီး
" ပိုင်ရှင်ရှိရင် ရှောင်ရမယ်ဆိုတဲ့ လူ့ကျင့်ဝတ်ကို ကိုယ်နားလည်ပါတယ် ၊ အဲ့တာကြောင့်ရှေ့ဆက်တိုးမှာမဟုတ်ဘူး ၊ ဒါပေမယ့် ပိုင်ရှင်က တန်ဖိုးမထားရင်တော့ အဲ့ကျင့်ဝတ်ကို ကိုယ်ပယ်ဖျက်ပစ်ရမှာပေါ့ "
ထို စကားပြောနေသည့်အချိန်အတွင်း ရှေးဦးခေတ်သည် နှိုင်း၏မျက်နှာပေါ်၌ ဖြစ်ပေါ်လာသော အမူအယာတစ်ခုခြင်းစီအား အသေးစိတ်အကဲခတ်နေမိသည် ။ ရှေးဦးခေတ်သည် နှိုင်း၏ အနည်းငယ်အနေခက်သည့် အမူအယာကိုတွေ့သည့်အချိန်မှ ရယ်လိုက်ကာ စကားရောချလိုက်တော့သည်။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..