Unicode
ဆရာ့၏ရုံးခန်းဟာ သိပ်မကျယ်လှပေ ။ ဆယ်ပေပတ်လည်အခန်းဖြစ်ပြီး နှစ်ယောက်ထိုင် ဆိုဖာလေးနှင့် စာကြည့်စားပွဲတစ်ခုရှိသည် ။။နံရံတွင် မူကြိုကလေးများနှင့်ပတ်သတ်သည့် ရုပ်ပြများကပ်ထားပြီး အခန်းဟာ သူဟာနှင့်သူတော့ သေသပ်လျက်ရှိသည် ။ သို့သော်လည်း ပြတင်းပေါက်မရှိ အလုံပိတ်အခန်းဖြစ်တာကြောင့် နှိုင်းဝင်ဝင်ခြင်းပင် မျက်မှောင် ကျုတ်လိုက်မိသည် ။
" ဒီမှာထိုင်လို့ရတယ် ကျွန်တော်ထိန်းချုပ်ဆေးပေးမယ် "
ဆရာက နှိုင်းအား ခုံပေါ်ထိုင်ရန်ညွှန်ပြလာ၏ ။ နှိုင်း သည် ဆရာညွှန်ပြလိုက်သည့် ခုံပေါ်၌ ငြိမ်သက်စွာထိုင်လိုက်၏။ သူအနည်းငယ် မလှုပ်ရဲပေ ။ သူယခုအချိန်ထိ ထိန်းချုပ်ထားရသည်မှာ ပင်ပန်းလွန်းလှပြီ ။ ထိန်းချုပ်ထားနိုင်သည့် အကန့်သတ် ကျော်လွန်နေပြီဖြစ်တာကြောင့် နှိုင်းခံစားနေရသည်မှာ မသက်သာလှပေ ။ အသက်ရှုသံဟာလဲပြင်းထန်လာကာ အမြင်များဟာလဲဝေဝါးလာပြီဖြစ်၏ ။ ထို့အပြင် အဆိုးဆုံးအရာမှာ လိုချင်တပ်မက်မှုပင် ၊ သူ၏ အနောက်ဘက်ရပ်ဝန်းဟာလည်း alpha တစ်တစ်ယောက်၏အကူညီအား ရယူလိုသည့်သဖွယ် စိုစွတ်လာ၏ ။ နှိုင်းသူ့ အင်္ကျီကြယ်သီးအား ချွတ်လိုက်မိသည် ။ ဒါဟာ heat ဖြစ်နေမှုကြောင့် သူ့ခန္ဓာကိုယ်မှ အလိုလျောက်ဖြစ်ပေါ်လာသည့် အပြူအမှုပင် ၊ သူအရမ်းပူလောင်ကာ လိုအင်ရမက် ဖြစ်လာမိသည်။
လိုချင်တယ် !!! လိုချင်တယ် !!
စိတ်ထဲကနေ တစ်ဖွဖွ နှိုင်းရွတ်နေမိသည် ။ ထိုအစဉ်နှာခေါင်းဝကို ရစ်သီလာသည့် အနံတစ်ခုကြောင့် နှိုင်းအသိပြန်ဝင်လာသည် ။ Alpha pheromone ? သူချက်ခြင်းဆိုသလို နှာခေါင်းအားလက်ဖြင့်အုပ်လိုက်၏ ။ သူအရမ်းလိုချင်တပ်မက်နေသော်လည်း ထို pheromone ရနံ့အားသဘောမကျပေ ။ သို့သော်လည်း အခန်းတွင်းရှိ Alpha မှာတော့ ထိုသို့မဟုတ်ပေ ။ လက်ထဲ၌ ထိန်းချုပ်ဆေးအားကိုင်ရက်သားဖြင့် နှိုင်းအားကြည့်နေကာ တံတွေးခနခနမြိုချနေမိသည်။ ထိန်းချုပ်ဆေးသောက်ထားသည့်အတွက် heat ဖြစ်နေသော omega တစ်ယောက်၏ pheromone အားတောင့်ခံနိုင်မည်ဟုသူထင်ထားခဲ့သော်လည်း နှိုင်း၏ pheromone အားထိတွေ့ခံစားလိုက်မိသည်နှင့် အထင်နှင့်အမြင် တက်တက်စင်အောင်လွဲသွားခဲ့တော့သည် ။ ပြင်းလိုက်တဲ့ omega pheromone!! အခန်းတွင်း နှိုင်း၏ pheromone ဟာပြည့်နှက်သွားတာကြောင့် ထိုရနံ့အား ရှုရှိုက်မိသော သာမာန် alpha အားအရိုင်းစိတ်ဝင်လာစေသည်။သူ နှိုင်းအနားကို လျှောက်သွားလိုက်၏ ။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Roman d'amourဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..