အထီးကျန်ဆန်မှု

6.7K 396 110
                                    

Unicode

ရှေးဦးခေတ် နိုးလာသည့်အခါ အပြင်ဘက်၌ နေစောင်းနေပြီဖြစ်သည် ။ နှိုင်းလက်အားကိုင်ရင်းနှင့်ပင်ကိုယ့်ကိုကိုယ်တောင်မသိလိုက်ပါဘဲ မှေးခနဲ အိပ်ပျော်သွားခြင်းဖြစ်သည် ။

" နှိုင်း ? "

သူနိူးလာသည်နှင့် ပထမဆုံးတွေ့လိုက်ရသည်က ဆေးရုံပြတင်းပေါက်အပြင်ဘက်သို့ ဝိညာဉ်ပျောက်နေသော လူတစ်ယောက်နှယ် ထွေထွေကြီးငေးကြည့်နေသော နှိုင်းကိုပင် ၊ ရှေးဦးခေတ် အတော်စိုးရိမ်သွားမိသည် ။

" နှိုင်း အဆင်ပြေရဲ့လား "

နှိုင်းလှည့်မကြည့်‌လာပေ သူ့စကားအား ကြားဟန်တောင်မပေါ်ပေ ။ ရှေးဦးခေတ်သည် နှိုင်းလက်ထဲမှ ကိုင်ထားသော ဖုန်းမျက်နှာပြင်၌ ပေါ်နေသည့် စာတန်းအားဖတ်လိုက်မိသည် ။ ရှေးဦးခေတ် သက်ပြင်းခပ်သဲ့သဲ့လေးချကာ ကုတင်ပေါ်ထိုင်၍ နှိုင်း၏ နဖူးပေါ်ကျနေသည့် ဆံနွယ်များကို လက်ဖြင့်သပ်တင်ပေးလိုက်သည် ။

" ညက ဈာန်ဘုန်းစက်ရိပ် နှိုင်းနဲ့အတူရှိနေတာမလား "

ထိုစကားကြောင့် ‌နှိုင်းသည် ရှေးဦးခေတ်အားလှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလာသည် ။

" ညက နှိုင်းနဲ့အတူရှ်ိနေတာဆိုရင် အဲ့သတင်းက ကောလဟာလဖြစ်မှာပါ "

ရှေးဦးခေတ်စကားသည် နှိုင်းအားအနည်းနည်းတော့ပျော်ရွှင်စေသည်နှင့်တူသည် ။ ‌နှိုင်းသည် ပြုံးလိုက်ကာ

" ဟုတ်တယ်မလား ၊ ကောလဟာလဘဲဖြစ်မှာဆိုတာ ကျွန်တော်သိတာပေါ့ ၊ ဈာန်က အဲ့လိုမျိုးတွေ ကြိုက်မှမကြိုက်တာ "

ယုံကြည်ချက်ရှိရှိပြောနေသော်လည်း ထိုစကား၏နောက်တွင် စိုးရိမ်မှုအရိပ်အယောင်တစ်စွန်းတစ်စ ပါဝင်နေခဲ့သည်ကို ရှေးဦးခေတ်ရိပ်မိသည် ။

" တစ်ခုခုစားမလား ၊ ဘာစားချင်လဲ "

နှိုင်းခေါင်းခါလိုက်ကာ ဖုန်းအား ကုတင်ဘေးရှိခုံပေါ်သို့တင်လိုက်သည် ။ ထိုအချိန်တွင် ပိန်ပါးလှသော နှိုင်း၏ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသည့် ဆေးရုံဝတ်စုံဟာ ကြီးမားလွန်းတာကြောင့် အင်္ကျီလည်ပင်းဟာလျောကျ၍ ပုခုံးသားနုနုဟာပေါ်လာခဲ့သည် ။ ထိုပုခုံးသားပေါ်တွင်တော့ သွေးစို့နေသော ကိုက်ရာစုပ်ရာများဟာ ထင်းခနဲ...

"Oh ! My Lovely Husband" (ongoing)Where stories live. Discover now