လေပြေ ( ၂ )

6K 341 97
                                    

[Unicode]

" ကိုယ်ကူညီပေးနိုင်တယ် ၊ တုနှိုင်းသစ္စာဘက်က ကွာရှင်းချင်လာအောင် ကိုယ်လုပ်ပေးနိုင်တယ် "

ဈာန် နောက်ပြန်လှည့်ကာ အေးစက်စက်မျက်ဝန်းတွေနဲ့ ဆက်မှူးပိုင်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

" ခင်ဗျားက ဘာကောင်မို့လို့လဲ "

ဆက်မှူးပိုင် ဈာန်ရဲ့အကြည့်တွေကြောင့် သူယုံကြည်ထားသည့်အရာတောင် ပျောက်လုနီးပါးဖြစ်သွားရသည် ။

" ကိုယ်..ကိုယ်ကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလေ ပြီးတော့ တစ်ဉီးတည်းသော သူငယ်ချင်းလဲဖြစ်တယ် "

ဆက်မှူးပိုင်၏စကားကြောင့် ဈာန်အနည်းငယ်တော့ အံအားသင့်သွားရသည် ။ အိမ်ထောင်သက် ၂ နှစ်ကျော်အတွင်း တုနှိုင်းသစ္စာသည် သူ့အဒေါ်မှ လွဲ၍ အခြားလူအားအိမ်သို့ခေါ်လာသည်ကိုမတွေ့ဖူးပေ ။ ဒါကြောင့် သူငယ်ချင်းမရှိဘူးဟု ထင်မှတ်မိခဲ့သည် ။

"အဲ့တော့..."

" မင်းကလဲ သူ့ရဲ့အချစ်ဆုံးလူလေ "

" ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ပြောချင်တာကို ဒဲ့ပြော "

ဈာန် လေသံမာမာဖြင့်ပြောလိုက်တော့

" သူ့ရဲ့ အချစ်ဆုံးလူနှစ်ယောက်က သူ့ကိုနာကျင်အောင်လုပ်ရင်တော့ သူတောင့်ခံနိုင်မှာ မဟုတ်ဘူး "

ဈာန် နှုတ်ခမ်းတွန့်ကာ ရွဲ့ပြုံးပြူံးလိုက်သည် ။

" ခင်ဗျားက ရုပ်နဲ့လိုက်အောင် စောက်ကျင့်ယုတ်တတ်တာဘဲ "

ဆက်မှူးပိုင် အောက်နှုတ်ခမ်းကို တင်းနေအောင်ဖိကိုက်လိုက်သည် ။

" မင်း...မင်းလဲ သူ့ကိုမကြိုက်ဘူးမလား ၊ ကွာရှင်းချင်နေတာမလား "

ဈာန်တံခါးကို ပျင်းရီပျင်းနွဲ့မှီ၍ လက်ပိုက်ကာ ဆက်မှူးပိုင်အား တရားခံစစ်နေ‌သည့်သဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

" ကျုပ်ကိုဘာကိစ္စကြောင့် ကူညီပေးတာလဲ ၊ တုနှိုင်းသစ္စာ အပေါ် ရန်ငြိုးရှိလို့လား "

ဆက်မှူးပိုင်သည် ဈာန့်၏အမေးကြောင့် ဖြူဖွေးနေသည့်မျက်နှာဟာ ရှက်သွေးဖြာလာသည် ။

"Oh ! My Lovely Husband" (ongoing)Where stories live. Discover now