[Unicode]
အိမ်ထဲသို့ စဝင်သည်နှင့် နှိုင်း၏ပန်းသီးစိမ်း pheromone က ဈာန့်အား ကြိုဆိုနေသယောင်ယောင် ၊ သင်းပျံ့စွာထွက်ပေါ်နေသည့် နှိုင်း၏ pheromone ကြောင့် ဈာန့် မသိမသာလေးပြုံးမိသွားသည် ။ နှိုင်း၏ pheromone က သူ့အား စိတ်ရွှင်လန်းစေသည်လေ ။
အနံ့၏လားရာအတိုင်းလိုက်သွားတော့ တံခါးအနည်းငယ်ဟထားသော အခန်းကို ဈာန်တွေ့လိုက်သည် ။
" နှိုင်း... ကိုယ်ဝင်လာမယ်နော် "
" ......"
အထဲမှ မည်သည့်အသံမျှမပြု
" ပါးပါး အိပ် "
မဟာကထပြောတော့ ဈာန်သည် မဟာ့ခေါင်းလေးအားပွတ်ကာ ချီထားရာမှ အောက်ချလိုက်သည်။ ထိုနောက့်အခန်းတံခါးအားဖွင့်ကာဝင်လိုက်၏ ။
" နှိုင်း "
ခပ်တိုးတိုးခေါ်သံနှင့်အတူ အခန်းထဲသို့ခြေဖွကာဝင်သွားပြီး ကုတင်ပေါ်၌ လှဲအိပ်နေသောနှိုင်း၏နံဘေး၌ဝင်ထိုင်လိုက်သည်။
"နှိုင်း ကိုယ်မေးစရာရှိတယ် မင်း အိမ်ထောင်ဖက်သွားတွေ့ခဲ့တယ်ဆို "
"......"
" မင်း ဘယ်လိုတောင် ကိုယ့်အပေါ်လုပ်ရက်ရတာလဲ ၊ ကိုယ့်အပေါ် ဘယ်လောက်ဘဲမုန်းနေပါစေအုံး ၊ သားကိုတော့ ပထွေးတစ်ယောက်ရှာမပေးသင့်ဘူး "
စကားကို ဖြေးညင်းစွာဖြင့် ပုံမှန်လေသံဖြင့်သာ ဈာန်ထိန်း၍ပြောနေခဲ့သည် ။အချိန်တစ်ခုကြာသည်အထိ ဘာတစ်ခွန်းမှ မတုန့်ပြန်လာသောကြောင့် နှိုင်း၏လက်အား ဈာန်လှမ်းကိုင်လိုက်သည် ။ ပူကျစ်နေကာ မီးသွေးခဲတစ်ခဲပမာ ပူနေတာကြောင့် ဈာန်ထိတ်လန့်သွားပြီး လာရင်းအကြောင်းကိုပါမေ့ပျောက်သွားခဲ့သည် ။
" နှိုင်း..? Shittt! ဖျားနေတာလား "
ကုတင်ပေါ်တွင် ဖြူဖျော့နေကာ သတိလစ်နေသော နှိုင်းအား ဈာန်အလျှင်ပွေ့ချီကာ အခန်းထဲမှပြေးထွက်၍ ကားဆီသို့ ဦးတည်သွားခဲ့သည် ။
" ဟင့်...ပါးပါး "
အနောက်မှ မဟာလေး၏ ငိုသံကပ်ပါလာတာကြောင့် နှိုင်းအားကားပေါ်တင်ပြီးသည်နှင့်မဟာအား ချီကာကားပေါ်သို့ တဖန်ပြန်လာခဲ့သည်။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romantizmဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..