Unicode
နှိုင်း ၃ ရက်လောက်ကြာသည်အထိ ဆေးရုံကုတင်ပေါ်မှာ သတိလစ်မေ့မြောနေခဲ့သည် ။ Omega တစ်ယောက်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သော gland ကို ထိခိုက်ထားခြင်းဖြစ်သည့်အပြင် နှိုင်းကိုယ်တိုင်ကလဲ ကိုယ်ခံအားနည်းနေတာကြောင့် ထင်ထားတာထပ် ပို၍ထိခိုက်ခဲ့သည် ။ သွေးထွက်လွန်ခဲ့သည့်အတွက်ကြောင့်လဲ လူတစ်ကိုယ်လုံးဟာ ဖြူဖျော့ကာနေ၏ ။
" ဟင်းးးး"
ငြီးသံအနည်းငယ်ပြုကာ မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ နှိုင်းပထမဆုံးမြင်လိုက်ရသည်က ကြီးမားသော မီးဆိုင်းဖြင့် တောက်ပစွာအလှဆင်ထားသော မျက်နှာကျက်ပင် ၊ ကုတင်ပေါ်၌ ထထိုင်လိုက်ကာ ဘေးဘင်ဝဲရာကို ကြည့်လိုက်တော့ တန်ဖိုးကြီး အသုံးဆောင်ပစ္စည်းများနှင့်ပြည့်နှက်ကာနေ၏ ။
" Hotel ရောက်နေတာလား "
စိတ်ထင်ရာတွေးရာ ကုတင်ဘေး၌ရှိသော စားပွဲပေါ် တင်ထားသည့် ရေခွက်အားလှမ်းယူကာ သောက်လိုက်သည် ။ အလွန်နူးညံသော ရေဖြစ်သော်လည်း နှိုင်း မျိုမချနိုင်ပေ ။ လည်ပင်းမှ နာကျင်မှုက စူးခနဲဖြင့် တစ်စုံတစ်ယောက်မှ ညှစ်ထားသလို တင်းကြပ်ကာနေ၏။
ဖြူလျလျ ပတ်တီးဖြင့် စည်းကာထားသော လည်ပင်းအား နှိုင်းကိုင်ကြည့်လိုက်ကာ အတွေးများနယ်ချဲ့နေခဲ့သည် ။
" အာ... Gland ကို ငါဓားနဲ့ထိုးနဲ့တာဘဲ "
နှိုင်း နှုတ်ခမ်းတစ်ဖက်ပင့်ကာ ပြုံးလိုက်သည်။
" သေပြီထင်တာ "
ထို့နောက် အတွေးများဟာ တစ်စတစ်စနှင့် ထိုနေ့က ဖြစ်ကြောင်းများကို ဝေဝါးစွာ ပြန်စဉ်းစားမိလာသည် ။ ထိုနေ့က မူကြိုဆရာ၏ pheromone ကိုသဘောမကျတာကြောင့် အသည်းသန်ငြင်းခဲ့ပေမယ့် အခန်းထဲကိုအတင်းဝင်လာတဲ့သူရဲ့ pheromone ကိုကျ သူတပ်မက်နေခဲ့သည်လေ ၊ ထိုလူကဘယ်သူများလဲ ?
နှိုင်း ခေါင်းအုံးပေါ်ပြန်လှဲချကာ မျက်လုံးများမှိတ်စင်း၍ ပြန်စဉ်းစားလိုက်သည် ။ ရင်အုပ်ကျယ်ကျယ် ၊ နှာတံမြင့်မြင့် နှုတ်ခမ်းထူထူ.... ရှန်ပိန်ရနံ့ pheromone............. နှိုင်းလှဲနေရာမှ ငေါက်ခနဲထထိုင်လိုက်သည်။ ရှန်ပိန်ရနံ့......... ဈာန်..ဈာန်များလား...
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..