ကံတရားထံမှ လက်ဆောင်

6.8K 420 69
                                    

Unicode

ဒေါ်‌နှင်းကေသီသည် သူ့အား ကျောခိုင်းကာထွက်သွားသည့်ဈာန့်အား ကြည့်ကာ ဒေါသကြောင့်တစ်ကိုယ်လုံးတုန်ရင်ကာနေသည် ။ မျက်ဝန်းအစုံဟာလည်း မုန်းတီးမှုကြောင့် မျက်ရည်များပင်ဝေ့တက်လာခဲ့၏ ။

" တောက်! ဈာန်ဘုန်းစက်ရိပ် ! အယုတ်တမာ‌ကောင် "

ခပ်တိုးတိုး ကျိန်ဆဲလိုက်ကာ ပါးပေါ်ကျဆင်းလာသည့် မျက်ရည်စများအား ခပ်ပြင်းပြင်း သုတ်လိုက်သည် ။

" မိုးကောင်းတုန်းတော့ ရွာထားအုံးပေါ့ ၊ အလှည့်ကျမနွှဲ့စတမ်းပေါ့ ဈာန်ဘုန်းစက်ရိပ်ရယ် "

ဟူ၍ ကျိန်း‌ဝါး‌လိုက်သည် ။ အိတ်ထဲ၌ထည့်ထားသော ဖုန်းဟာလည်း အဆက်မပြတ်မြည်နေတာကြောင့် ဒေါ်နှင်းကေသီတစ်ယောက်ပိုဒေါသထွက်လာရသည် ။ ဖုန်းအားယူကာ ကြည့်လိုက်ပြန်တော့လည်း " ကျက်သတုန်း " ဟူသည့် နာမည်က အထင်းသား

" တကယ့် ကျက်သတုန်းတွေနဲ့ချည်းတွေ့နေရတာပါလား "

ဒေါ်နှင်းကေသီ ဖုန်းအား စက်ပိတ်လိုက်ကာ အိတ်ထဲသို့ပြန်ထည့်၍ ထိုအခန်းထဲမှထွက်သွားခဲ့သည် ။

__________

" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့် လတ်တလောတွင်ခေါ်ဆို၍မရနိုင်ပါရှင် "

ပါးစပ်တွင်တေ့ထားသော ဆေးလိပ်အား ခပ်ပြင်းပြင်းတစ်ချက်ရှိုက်၍ လွှင့်ပစ်လိုက်သည် ။ ထို့နောက် ခနဲ့တဲ့တဲ့ရယ်သံဖြင့်

" အဟက် ၊ ချစ်ဖို့ကောင်းအောင်လုပ်နေပြန်ပါပြီ "

ဟူ၍ပြောကာ နံဘေးရှိလက်တော့ပ် အားယူ၍ဖွင့်လိုက်သည် ။လက်တော့ပ် မျက်နှာပြင်ပေါ်တွင်ပေါ်လာသော မြေပုံပေါ်ရှိ အနီရောင်စက်လေးအား ဧကရီထိပ်ထား ကြည့်ကာပြုံးလိုက်သည် ။

" အန်တီ ကျွန်မကို လျစ်လျူရှုထားလို့မရပါဘူး "

______

ဒေါ်နှင်းကေသီသည် စိတ်ရှုပ်‌ထွေးလွန်းနေတာကြောင့် ကားရပ်ကာ လမ်းခုလတ်၌‌တွေ့သော ပန်းခြံတစ်ဝိုက်လမ်းလျှောက်နေခဲ့သည် ။ ရေရေရာရာမရှိပါဘဲ အတွေးများဟာ ပျံ့ဝဲနေခဲ့သည် ။ ယခုသူ့ခေါင်းထဲတွင်ရှိနေသော တစ်ဦးတည်းသော လူမှာ တုနှိုင်းသစ္စာပင်ဖြစ်သည် ။ သူ၏ ချစ်လှစွာသော တူတော်မောင် စိတ်ချမ်းသာစေဖို့ သူဘာလုပ်သင့်လဲ ၊ နှိုင်း၏ ရှေ့ဆက်ရမယ့် ဘဝတစ်လျောက် ပျော်ရွှင်စေဖို့ ဘယ်လိုအရာတွေဖန်တီးပေးရမလဲ ..

"Oh ! My Lovely Husband" (ongoing)Where stories live. Discover now