Unicode
"သားသားမှာ ဒယ်ဒီရှိဝူး ၊ ပါးပါးက ကြောတယ် သား ဒယ်ဒီက တေဝါးဘီတဲ့ "
မဟာ၏ စကားလုံးဟာ ဘေး၌ရပ်နေသော အတွင်းရေးမှူးအတွက်တော့ သာမာန်စကားလုံးဖြစ်သော်ငြားလည်း ဈာန့်အတွက်မှု ချွန်မြနေသော ဓားတစ်ချောင်းအလားပေ ။ ထိုဓားဟာ သူ့ရင်ဝသို့ ညှာတာမှူကင်းမဲ့စွာ ထုတ်ခြင်းပေါက်စိုက်ဝင်သွားသည့်အလား..
သူအံဩလွန်းတာကြောင့် ပြောစရာစကားပင်မရှိတော့ ၊ ထိုအပြင် သူ့ရင်ထဲတွင်လည်း စူးအောင့်နေသည့်ခံစားချက်မျိုးခံစားလိုက်ရသည် ။ ဈာန့် မဟာဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်၏ ၊ အသက်ရှုသံဟာလည်း မှုမမှန်ပါဘဲ သက်ပြင်းသာခနခနချနေမိသည် ။ အချိန်အတော်ကြာခါမှ မဟာ့ဘက်သို့လှည့်ကာ
" သား ! သေတယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုရော နားလည်ရဲ့လား ၊ သေတယ် ဆိုတာဘာကိုပြောတာလဲဆိုတာ သိရဲ့လား "
ဈာန်က ထိုသို့မေးလာတော့ မဟာသည်
" ပါးပါး ကကြောတယ် တေတယ်ချိုတာ ဟိုးဝေးကြီးထွက်သွားတာတဲ့ ကြန်လာတော့ဝူးတဲ့ "
ဈာန် မဟာ့အား ဆွဲဖက်ပြီး ဆံပင်ပျော့ပျော့လေးတွေကိုနမ်းလိုက်တယ် ။
" သား မသိရင်မှတ်ထား သေတဲ့သူတွေက ပြန်ရှင်နိုင်တယ် ၊ ဒီမှာကြည့်ပါလား ဒယ်ဒီဆို ပြန်ရှင်လာတာလေ "
ဈာန့်ခေါင်းထဲတွင် မဟာ့မှတ်ဉာဏ်ထဲရှိသော သူသေသွားပြီဆိုတဲ့အကြောင်းဘယ်လိုဖယ်ထုတ်ပစ်ရမလဲဆိုသည့်အတွေးသာရှိတော့သည် ။ ယုတ္တိရှိတာ မရှိတာအသာထား သူ့သားရဲ့မှတ်ဉာဏ်ထဲမှာ သူအသက်ရှိနေသေးတာကို သာလိုချင်သည် ။
*ဖွီးး*
ရယ်ချင်စိတ်ကို မအောင့်နိုင်တော့သည့် အတွင်းရေးမှုးမလေးကတော့ အသံထွက်ပြီးရယ်လိုက်မိတာကြောင့် ဈာန့်၏အကြည့်စူးစူးကို လက်ခံရရှိလိုက်သည် ။
" တောင်းပန်ပါတယ် "
ဈာန်သည် ဆိုဖာပေါ်မှဆင်းကာ ကြမ်းပြင်၌ဒူးတစ်ဖက်ထောက်၍ မဟာ၏လက်လေးတွေကိုဆုတ်ကိုင်လိုက်တယ် ။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..