Unicode
" 5 လအတောတွင်း Sex မလုပ်နဲ့အုံးနော် ၊ Beta ကနေ Omega အဖြစ်အသွင်ပြောင်းနေတဲ့အချိန် ကိုယ်ဝန်ရှိတာဆိုတော့ သားအိမ်ကအရမ်းနုလွန်းတယ် ၊ နည်းနည်းလောက်ထိခိုက်မိတာနဲ့ ကိုယ်ဝန်ပျက်ကျသွားလိမ့်မယ် သတိထား "
" ဗျာ..... ကိုယ်ဝန် ? "
"......."
ရှေးဦးခေတ်ဆီမှ တအံတဩ အသံထွက်လာသော်လည်း တုနှိုင်းသစ္စာဆီမှ မည်သည့်အသံ တစ်စွန်းတစ်စမှ ထွက်မလာပေ ။ ထိုအစား အံဩနေသည့်အမှူအယာဖြင့် သူ၏ ပြားကပ်နေသော ဗိုက်လေးအား လက်ဖြင့်အုပ်ကိုင်လိုက်သည် ။
" ကိုယ်ဝန်တဲ့လား "
သူ့အတွက် စိမ်းကားလွန်းသည့်စကားလုံးပင် ၊ သူ့ခန္ဓာကိုယ်တွင် ဘယ်တော့မှ ထွက်ပေါ်လာမည်ဟု မထင်မှတ်ထားသော အရာတစ်ခု ၊
" ၃ ပတ်ကျော်နေပြီ "
နှိုင်းသည် ဆရာဝန်ပြောလာသည့်ကြားသည့်အခါ ဗိုက်အား ပိုတိုး၍ ဖိကိုင်လိုက်သည် ။ သူ့အတွက် တွယ်တာစရာနောက်တစ်ခုထပ်တိုးလာခဲ့ပြန်ပေပြီ ။ ဈာန့်ရဲ့ ကိုယ်ပွားလေးတစ်ယောက် ၊ ဈာန့်ရဲ့အသွေးအသား...
" ဘယ်လိုလုပ်မလဲ "
နှိုင်းခပ်တိုးတိုးလေး ရေရွတ်သည်ကို ဆရာဝန်နှင့် ရှေးဦးခေတ် တစ်ယောက် ကြားဖြစ်အောင်ကြားလိုက်သည် ။
" ဘာကိုလဲ "
" ကျွန်တော် အခု တစ်လလုံး တစ်ရက်ကို ထမင်းတစ်နပ်တောင် ပုံမှန်မစားဘူး ၊ ပြီးတော့ နို့အေးအရမ်းသောက်တာ ၊ အအေးလဲ ခနခန ခံမိတယ် ၊ ညနက်တွေလဲ ရေချိုးခန်းထဲ အကြာကြီးထိုင်နေမိတယ် ၊ ကျွန်တော်......" တုနှိုင်းသစ္စာတစ်ယောက် တုန်ရင်စွာပြောရင်းအသံတိုးသွားသည်။ ထို့နောက် ထပ်ကာ " ကျွန်တော် အိမ်က ခွေးလေးကိုလဲ ခနခန နမ်းရှုံ့မိတယ် ၊ အဲ့တာ...အဲ့တာလေ ကလေးကို ထိခိုက်နိုင်လားဟင် "
ရှေးဦးခေတ်နှင့် ဆရာဝန်၏ အကြည့်ဟာ နှိုင်း၏ မျက်နှာ၌ သာ ငြိတွယ်နေသည် ။ နှိုင်း၏ စိုးရိမ်နေသည့်ပုံကို သူတို့နှစ်ယောက် အထင်းသားမြင်နေရသည် ။
" အဲ့လောက်ထိ ပိန်နေတာ မဆန်းတော့ပါဘူး "
ရှေးဦးခေတ်က ခပ်တိုးတိုးဆို၏ ။ ထိုအခါ ဆရာဝန်က အနားရှိ ကိုယ်ဝန်ဆောင်များ ဆောင်ရန် ရှောင်ရန်ဆိုသည့်စာအုပ်အား ကမ်းပေးလာသည် ။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..