Unicode
" ကိုကို တုနှိုင်းသစ္စာအနားမသွားခဲ့ရင် ကျွန်တော်ဒီလိုလုပ်မိမှာမဟုတ်ဘူးလေ ဗျာ "
ရှေးဦးခေတ် သက်ပြင်းခပ်တိုးတိုးလေးချကာ ကုတင်ပေါ်ကနေဆင်းလိုက်ပြီး လိုက်ကာများကို သွားဖွင့်လိုက်သည် ။ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းခြေထောက်တွင်ခတ်ထားသော သံကြိုးသံဟာလဲ တချွမ်ချွမ်ဖြင့် ၊ ရုတ်တရက် ရရှိလိုက်သော နေရောင်ကြောင့် ရှေးဦးခေတ် မျက်လုံးအစုံကျိမ်းသွားသည် ။ ထို့နောက် နေ့ရောင်အောက်၌ ရပ်ကာ သတိုးမင်းမြတ်အား ကြည့်၍
" သတိုး.... ကိုကို့ကို ကြည့်စမ်း လူနဲ့တူနေသေးလားလို့ "
လက်နှစ်ဖက်ဆန့်တန်းကာ ရပ်ပြလိုက်သည့်အခါ ဝတ်ထားသော သတိုး၏အင်္ကျီနှင့် ခန္ဓာကိုယ်ဟာ ၃ ပုံ ၁ ပုံနီးပါးဖြစ်နေတာကြောင့် ပိန်သွားမှန်းပိုသိသာစေသည် ။ ထိုအပြင် ခန္ဓာကိုယ်တွင်လည်း အမှတ်အသားများ မြင်ရက်စရာမရှိအောင်ပြည့်နှက်နေသေးသည်။
သတိုးသည် ရှေးဦးခေတ်အား ကြည့်၍ အနားလာကာ ဆွဲဖက်လိုက်သည် ။ ကိုကို ပြောတဲ့အတိုင်း သူထွက်သွားခဲ့သည် ။ သို့သော် ကိုကို အကြောင်းကိုတော့ အမြဲတစေ စုံစမ်းနေတာကြောင့် ရှေးဦးခေတ်နှင့်ပတ်သတ်သည့် အကြောင်းများကို အူမချေးခါးအထိ သူသိရသည် ။
အစပိုင်းတော့ သူသည်းခံနေခဲ့ပေမယ့် ၊ရှေးဦးခေတ်သည် တုနှိုင်းသစ္စာ၏အိမ်သို့ချောင်းပေါက်မတတ်သွားနေတာကြောင့် သတိုးတစ်ယောက် ရတတ်မအေးတော့ပေ ။ ထိုအပြင် တုနှိုင်းသစွာသည် ယခုအချိန်တွင် single father တစ်ယောက်ဖြစ်နေသေးသည် ။ ကိုကိုကလဲ တုနှိုင်းသစ္စာအပေါ် ခံစားချက်ရှိနေသေးသည် ။ သူဘယ်လိုလုပ်စိတ်ချထားနိုင်ပါ့မလဲ ၊ ဒါကြောင့် ကိုကိုသူ့အနားအမြဲရှိနေစေရန် အကြံတစ်ခုကိုစဉ်းစားခဲ့၏ ၊ ဒါဟာ သူ့အနားတွင် ပိတ်လှောင်ထားဖို့ပင် ၊ ပထမပိုင်းကတော့ အိမ်ထဲ၌ ပိတ်ထားရုံသပ်သပ် ဆိုသော်ငြားလည်း ရှေးဦးခေတ်၏ ထွက်ပြေးရန်လုပ်သည့် အပြုအမှုကြောင့် သံကြိုးခတ်လိုက်ရခြင်းဖြစ်သည် ။
" တောင်းပန်ပါတယ်..ကျွန်တော် ကိုကို့ကို လက်မလွှတ်ချင်ဘူး ၊ ကျွန်တော့်အနားမှာဘဲ အမြဲရှိစေချင်တယ် "
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..