Unicode
တုနှိုင်းသစ္စာ၏ အဖျားဟာ မကြာရှည်ခဲ့ပါ ။ ကောင်းမွန်သော ကုသမှုနှင့် ဂရုတစိုက်ပြုစုမှုကြောင့် နှိုင်း၏ ကျန်းမာရေးအပြင် ဂလင်းကပါ သက်သာလာပြီဖြစ်သည် ။ ထို့ကြောင့် ဆေးရုံ၌ သုံးရက်မျှသာနေပြီး အိမ်သို့ပြန်လာခဲ့ကြသည် ။
ထိုဆေးရုံ၌ရှိခဲ့သော သုံးရက်အတောတွင်း၌လည်း ဈာန်သည် နှိုင်းအနားမှတစ်ဖဝါးမှမခွာဘဲ အနီးကပ်သူကိုယ်တိုင်ပြုစုပေးခဲ့သေးသည် ။ နှိုင်းဘက်က ခပ်တန်းတန်းဆက်ဆံနေသော်လည်း ဈာန့်၏မျက်နှာ၌ဖြစ်ပေါ်နေသော အပြုံးဟာမပျောက်ပျက်ခဲ့ပေ ။ ဆေးရုံဆင်းသည့်နေ့၌လည်း သူကိုယ်တိုင်ကားမောင်းကာ နှိုင်းတို့သားအဖနှစ်ယောက်အား အိမ်လိုက်ပို့ပေးခဲ့သည် ။
အဖျားလုံးဝမရှိတော့တာသေချာပြီဖြစ်တာကြောင့် နှိုင်းရေမိုးချိုး ခေါင်းလျှော်ရန်ပြင်ဆင်လိုက်သည် ။ ည ၈ နာရီကျော်ပြီဖြစ်တာကြောင့် မဟာလေးအိမ်ပျော်နေတာသေချာရန် မဟာလေး၏ အခန်းသို့သွားကြည့်လိုက်သေးသည် ။ အိပ်ပျော်ပြီဆိုတာသေချာကာမှ နှိုင်းရေချိုးရန်ပြင်ဆင်တော့သည် ။ ရေချိူခန်းသို့ ခြေတစ်လှမ်းလှမ်းယုံသာရှိသေးသည် အိပ်ယာပေါ်တွင်တင်ထားသော ဖုန်းဟာထမြည်လာခဲ့သည်။
နှိုင်းရေချိုးမည်ကို ခနမေ့ထားကာ ဖုန်းကိုင်ရန်သာစိတ်စောနေမိသည် ။ " ကိုယ် ညကျဖုန်းဆက်လိုက်မယ်နော် " ဆိုသည့် ဈာန့်၏စကားဟာ နှိုင်း၏နားထဲ၌ တစ်ဝဲလည်လည်ဖြင့်..
နှိုင်းသူကိုယ်တိုင်တောင်သတိမထားမိပါဘဲ ရှက်ပြုံးလေးပြုံးလိုက်မိသည် ။ ဖုန်းတွင်ပေါ်နေသော နံပါတ်မှာ ဖုန်းနံပါတ်စိမ်းတစ်လုံးဖြစ်နေတာကြောင့် ဈာန်ဆက်တာဖြစ်ရမည်ဟု နှိုင်းတစ်ထစ်ချတွေးလိုက်သည် ။ အကြောင်းမှာ ဈာန့်ဖုန်းနံပါတ်အားနှိုင်းမသိသောကြောင့်ဖြစ်သည် ။
" အဟမ်း!! "
လည်ပင်းအားဖိကိုင်ကာ အသံကြည်ကြည်လင်လင်ထွက်ပေါ်လာစေရန် လည်ချောင်းရှင်းလိုက်သည် ။ ထို့နောက် ခုန်လှုပ်နေသောရင်ခွင်အစုံအားလျစ်လျူရှု၍ ဖုန်းအားလက်ခံဖြေကြားလိုက်သည်။
YOU ARE READING
"Oh ! My Lovely Husband" (ongoing)
Romanceဇာတ်ကောင် ၊ တည်နေရာ ၊ ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခုဖြစ်သည့်အတွက် ပြင်ပအကြောင်းအရာများနှင့် သက်ဆိုင်မှုမရှ်ိပါ.မည်သူတစ်ဉီးတစ်ယောက်ကိုမှလဲ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မျိုးမရှိပါ..