ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်နေသည်။ လူတစ်ကိုယ်လုံးသည် အေးစက်တောင့်တင်းမှုနှင့်အတူ ချေမွကိုင်ပေါက်ခြင်း ခံထားရသလို နွမ်းနယ်ချိနဲ့နေသည်။
နာကျင်မှုတွေက ဘယ်နားကမှန်းမသိ..မူးနောက်ရီဝေနေသော ခေါင်းနှင့်အတူ လက်ကောက်ဝတ်ဆီက စပ်ဖျင်းဖျင်းနာကျင်မှုကိုပါ ခံစားနေရသည်။
သူ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲ သူကိုယ်တိုင်မသိ..။ သူသိတာက အနားယူချင်သည်။ သူ့ခန္ဓာကိုယ်မှာ ဖြစ်တည်နေတဲ့ ပူလောင်နာကျင်မှုတွေကို အဝေးဆုံးသို့ ပို့ပစ်လိုက်ချင်သည်။
လေးလံကိုက်ခဲနေတဲ့ ခေါင်းကြောင့် မျက်ခွံတွေဖွင့်ဖို့ပင် မနည်းအားစိုက်နေရသည်။ သူကြိုးစား၍ မျက်လုံးတွေကို ဖွင့်လိုက်သည်။
ဟာ..
သူ့စိတ်ထဲတွင် အံသြမှုများနေရာယူလာသည်။
မဲမှောင်တိတ်ဆိတ်အေးစက်နေတဲ့ တောကြီးနဲ့ ဖြူညစ်ညစ်နှင်းမှုန်တွေ..နောက်ပြီး မြေကြီးမည်းတွေပေါ် မှောက်လျက်အနေအထားဖြစ်နေတဲ့သူ..
သူကဘာလို့ ဒီလိုနေရာကြီးမှာ ဒီလိုပုံစံမျိုးနဲ့ ရှိနေရတာလဲ.. ကြောက်လန့်တကြားပင် လှဲနေရာမှထရန်ပြင်လိုက်သည်။
အာ့..
လက်ကောက်ဝတ်က အသည်းခိုက်မတတ်နာကျင်မှုတစ်ခု သူ့နှလုံးအိမ်သို့ ထိုးဆောင့်လာသည်။ နောက်ပြီး လက်ကောက်ဝတ်နှစ်ဖက်ကို ပူးကပ်ဖိချုပ်ထားသော အရာတစ်ခု..
မသင်္ကာစိတ်နှင့်အတူ သူ့လက်တွေကိုငုံ့ကြည့်လိုက်တော့..ကန္တရဆူးချွန်တွေနဲ့ ပြုလုပ်ထားသော လက်ထိပ်ကြီးတစ်ခုက သူ့လက်ကောက်ဝတ်တွင် ခြောက်ခြားဖွယ် နေရာယူထားသည်။
ဒါကြီးကို ဘယ်လိုဖြုတ်ရမလဲ..
ကြံရာမရဖြစ်ရင်း သူ့လက်က ဆူးလက်ထိပ်ကြီးကို ဖြုတ်ရန်ကြိုးစားမိတော့ ဆူးတွေက သူလက်ဖျံထဲ နစ်ဝင်လာသည်။ နီရင့်ရင့်သွေးတွေက သူလက်ကောက်ဝတ်တစ်ခုလုံးတွင် မြင်မကောင်းအောင် ယိုစီးကျလျက်..။
ဒုက္ခပဲ.. '
စိတ်ထဲမှငြီးတွားရင်း နေရာမှ မတ်တပ်ထရပ်လိုက်သည်။ ပင်ပန်းနေသည့်စိတ်ကို တတ်နိုင်သမျှအားယူရင်း သူ့အရှေ့ဆီက မြင်ကွင်းပြင်ကို လှမ်းကြည့်လိုက်တော့..
YOU ARE READING
The Witch ' s Black Rose