Announcement

340 58 29
                                    

အမှန်တော့လေ အခုရေးနေတဲ့ စုန်းနက်လေးကိုလည်း ဓားပြဗိုလ်ကြီးတို့တုန်းကလို feedback တွေ vote တွေ ပေါပေါသီသီနဲ့ ချစ်တဲ့သူတွေ များစေချင်တာ..

အခုကျတော့ ထင်သလိုဖြစ်မလာခဲ့ဘူး..ချယ်က ကိုယ့်fic ကိုကြည့်ပြီး သနားမိတဲ့ mood ပဲ ဝင်နေတယ်..ပြီးဖို့က အများကြီးလိုသေးတော့ ဆက်ရေးဖို့ရာ ဘယ်လိုမှ active မဖြစ်တော့ဘူးရယ်..။

On going မို့ စောင့်နေကြတာ သိပေမယ့် feedback တွေမှာပါ စိတ်ဝင်စားမှုနည်းလာတာ တွေ့ရတော့ အရေးအသားပိုင်းမှာ ကိုယ့်ဟာကို ယုံကြည်မှုမရှိတော့ဘူး..

ဒီအချိန်အထိ ချယ်ဘယ်လိုစာပဲရေးရေး ဘယ်အချိန်ပဲ up up.. အမြဲတမ်းအတူတူရှိနေပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို ချယ်အများကြီးလေးစားပါတယ်..အားလည်းကိုးတယ်..ချစ်လည်းချစ်တယ်..

ချယ်က နေမကောင်းတဲ့အချိန်နဲ့ examရှိတဲ့အချိန်ကလွဲရင် တစ်ခါမှပစ်မထားခဲ့ဖူးဘူးနော်..အလုပ်မအားရင်တောင် တစ်နေ့နည်းနည်းဆီခွဲရေးပြီး up ပေးခဲ့ပါတယ်..

မှတ်မှတ်ရရကောက်ဖူးတာဆိုလို့ နှစ်စတုန်းကတစ်ခါပဲ..အဲ့တုန်းကတောင် နှစ်လလောက်ပဲပစ်ထားပြီး မနေနိုင်လို့ပြန်ရေးခဲ့တယ်..ကျန်တာအချိန်က အရှည်မup ဖြစ်ရင် one short တွေ up ပေးခဲ့တာပါ..

အဲ့တော့..အချစ်တို့ကိုလည်း ခဏခဏတောင်းဆိုရတာ အားနာတယ်..ချယ်လည်း laptop ရှေ့မှာ လေးငါးနာရီလောက်ထိုင်ပြီး typingရိုက်ရတာ အညောင်းမိတယ်..စာလုံး 2000 လောက်က ဖတ်ရင်သာမကြာတာ..စာကြောင်းတစ်ခုနဲ့တစ်ခု chemi မိအောင်ရေးရတာ ခေါင်းရောလက်ရော မနားရပါဘူး.. နောက်ပြီး ဒီfic ကိုစ ရေးကတည်းက သေချာအာရုံမစိုက်နိုင်မှာဆိုးလို့ ဖတ်လက်စ fav fic တွေကိုတောင် ခတ္တရပ်နားလိုက်ရပါတယ်..

ဆိုတော့  ချယ်က Jinkook fiction တွေကို ဘယ်တော့မှခွဲခွာသွားမယ့်သူမဟုတ်ပေမယ့် အချစ်တို့ လျစ်လျူရှုရင် ထွက်သွားဖို့ဝန်လေးတဲ့သူမဟုတ်ပါဘူး..ချယ်ဒီနေရာမှ စာရေးသူအဖြစ်ရှိနေခြင်းက Jinkook ကိုချစ်လွန်းလို့ရယ်..ချယ်ရဲ့စိတ်ကူးတွေကို ချပြရေးသားခွင့်ရပြီး အသိအမှတ်ပြုပေးမယ့် စာဖတ်သူတွေရှိနေတာကြောင့်ရယ်ပါ..

You've reached the end of published parts.

⏰ Last updated: Nov 20, 2024 ⏰

Add this story to your Library to get notified about new parts!

The Witch ' s Black RoseWhere stories live. Discover now