ခြေရင်းဘက်တွင် တစ်လှုပ်လှုပ်နှင့် လျှောက်သွားနေသောသတ္တဝါလေးရှိသည်။
ဘာကောင်လေးမှန်းသိသည်မို့ အိပ်မပျော်နိုးတစ်ဝက်ဖြစ်နေသော ဆော့ဂျင်မျက်နှာလေး ပြုံးယောင်သန်းသွားသည်။
*မင်းက မအိပ်သေးပဲ ဘာတွေအလုပ်ရှုပ်နေပြန်တာလဲ..*
သူတွေးရင်း စောင်အောက်ကခြေဖျားလေးတွေကို အနည်းငယ်လှုပ်ရှားလိုက်သည့်အခါ ယွစိစိလှုပ်ရှားမှုလေးက ပက်လက်အိပ်နေသောဆော့ဂျင်ကိုယ်ပေါ်သို့ တရွေ့ရွေ့တက်လာသည်။
"အဟား.."
အသံထွက်သည်အထိ ရယ်မောမိခြင်းသည် ရင်ဘက်ပေါ် လုံးလုံးလေးရောက်ရှိနေပြီးဖြစ်သော ပန်းရောင်ယုန်ပေါက်လေးကြောင့်ဖြစ်သည်။
ဆော့ဂျင်အင်္ကျီစကို တို့ထိထိလုပ်ကာ လွတ်နေသောအင်္ကျီနေရာလေးမှ ရင်ဘက်အောက်သို့ဝင်ရန် ကြိုးပမ်းနေသော အကောင်လေးကြောင့် ဆော့ဂျင်ရင်ဘက်ပေါ် ယားကျိကျိဖြစ်လာသည်။
"အဟား ဟားး..တော်တော်ဆိုးတဲ့ကောင်လေးပဲ.."
ဆော့ဂျင်သည် ရင်ဘက်ပေါ်က ယုန်ပေါက်စလေးကိုအသာပွေ့ချီပြီး နှာယောင်လုံးလုံးလေးကို သူ့နှာခေါင်းထိပ်လေးနှင့် ထိကာ နမ်းလိုက်သည်။
"မင်းက ဗိုက်ဆာနေလို့လား.."
ဆော့ဂျင်သည် လက်ထဲက ယုန်လေးကို အိပ်ယာဘေးက မီးအိမ်တင်စားပွဲပေါ် ပြောင်းတင်ပေးလိုက်သည်။
ထိုစားပွဲပေါ်တွင် သူ့အတွက်သက်သက်လုပ်ပေးထားသော အစားဗန်းရှိသည်။
"စားလေကွာ.."
ယုန်ပေါက်စလေးသည် ဗန်းထဲမှ အသီးအနှံတွေကို မစားဘဲတစ်ရှုံ့ရှုံ့လုပ်နေသည်။ ဘာကို အလိုမကျမှန်းမသိ..။
"နေများမကောင်းလို့လား.."
ဆော့ဂျင်သည် ယုန်ကလေးကို ပြန်မ,ချီပြီး ဟိုဟိုဒီဒီလိုက်စမ်းကြည့်သည်။
နားရွက်ဖျားလေးတွေရော.. နှာယောင်ဖျားလေးရော ..ခြေဖျားလက်ဖျားပါမကျန် အားလုံးစမ်းကြည့်ပြီးနောက်..
"နေလည်းကောင်းပါတယ်.."
ဆော့ဂျင်သည် အလိုမကျသလို မျက်နှာလေးနဲ့ အောက်နှုတ်ခမ်းလေးကို ကိုက်ခဲထားရင်း ယုန်ပေါက်လေး၏ အစာမစားခြင်းအပေါ် စဉ်းစားခန်းဖွင့်သည်။
YOU ARE READING
The Witch ' s Black Rose