VI

306 75 21
                                    

မှန်တံခါးတွေကို ကျော်လွန်လျက် တွေ့မြင်နေရသော တောအုပ်တန်းသည် ထူထပ်သောနှင်းမှုန်တွေအောက် ညို့ညို့မှိုင်းကာ တည်ရှိသည်။

မှောင်မိုက်သော လောကတစ်ခွင် အားကိုးစရာသည် ကောင်းကင်မှထိန်ထိန်သာနေသော လမင်းကြီးသာရှိသည်။

ဒီနေ့ည၏လမင်းကြီးသည် အေးချမ်းသည်။

အမှောင်ကိုခွင်းကာ အလင်းဓာတ်ဆောင်ပေးသည်။

ကောင်းကင်ပြင်တွင်လည်း တိမ်စိုင်တို့ကင်းစင်ပြီး ပြာရီမှိုင်းသော ညအရောင်သာရှိသည်။

အပြင်ဘက်တွင် လေညင်းသဲ့သဲ့လေး တိုက်နေဟန်တူသည်။

နှင်းငွေ့တစ်ချို့သည် မှန်တံခါးဆီသို့ ခက်ငွေ့ငွေ့ရိုက်ခတ်လာသည်။ အအေးဓာတ်က ခန်းလုံးပြည့်ဝင်ရောက်လျက်။

ကုတင်ခြေရင်းကကြမ်းပြင်ပေါ် ခွေခွေလေးထိုင်ကာ အပြင်ဘက်ကို ငေးကြည့်နေသော ဆော့ဂျင်သည် ညအိပ်ဝတ်စုံလေးသာ ဝတ်ဆင်ထားပြီး အချမ်းဒဏ်ကို သတိထားမိပုံမပေါ်..။

တစ်ခါတစ်လေတော့ လူသားတို့စိတ်သည် ထူးဆန်းပါသည်။

အတွေးတို့လွှမ်းမိုးခြင်းခံလိုက်ရသောအခါ လူသားတို့သည် အရာရာပျောက်ဆုံးသွားတတ်သည်။

ကိုယ် စိတ် နှလုံး သုံးပါးလုံးသည် ထိုအတွေးတို့တွင်နစ်မြှုပ်သွားသည့်အခါ ပတ်ဝန်းကျင်၏ပြောင်းလဲခြင်းတို့ကိုပင် သတိမမူမိတော့ပေ။

အမှောင်ယံလေထုထဲမှ နှင်းမှုန်စက်များ၏ရွေ့လျားမှုလေးများကြား သက်ဝင်နေသူသည် အနားသို့ရောက်ရှိလာသော ခြေသံဖွဖွကို ဂရုမပြုမိ။

အရုပ်ကြိုးပျက်လေးလို ခွေခေါက်ခေါက်ထိုင်နေသူထံ မီးခိုရောင်ဝတ်ရုံရှည်ကြီးလွှမ်းခြုံပေးပြီး  နောက်ကကုတင်ပေါ် ဝင်ထိုင်လိုက်သည်။

"မအိပ်သေးဘူးလား.."

"....."

လူသားလေးက စကားပြန်မပြောသည့်အခါ သူမျက်မှောင်ကျုံ့မိသည်။

"ဆော့ဂျင်.."

"....."

"ကင်မ်ဆော့ဂျင်!..."

The Witch ' s Black RoseDonde viven las historias. Descúbrelo ahora