VIII

284 76 16
                                    

ထိုနေ့ညက အခန်းထဲသို့ ထိုလူကြီးပြန်ရောက်မလာခဲ့..။

တိုက်တိုက်ဆိုင်ဆိုင် အိမ်မက်ဆိုးများ မမက်တာပင် တော်သေးသည် ပြောရမည်။

ထိုညကသူ့အိမ်မက်ထဲ ထိန်ထိန်သာနေသော လမင်း​​ကြီး၏ကျောက်သားကြမ်းပြင်ပေါ် ယုန်ပေါက်စလေးရယ်..သူရယ်..စိန်ပြေးတမ်းကစားနေခဲ့သည်။

တစ်ခါတစ်ရံ ကောင်းကင်ပေါ်က ခုနစ်ရောင်စဉ်ပြေးသော သက်တန့်ကြီးပေါ်သို့ပင် ပြေးတက်၍ကစားလိုက်သေးသည်။

မှိတ်တုတ်မှိတ်တုတ်ကြယ်ပွင့်လေးတွေကတော့ သူ့နှင့်ယုန်ပေါက်စလေးကို ငေးစိုက်ကြည့်နေလောက်သည်။

ပြေးဆော့နေရင်း လမ်းပျောက်ကာ ဂလက်ဆီငွေ့တန်းတွေကြား ရောက်သွားသည့်အခါတိုင်း ယုန်ပေါက်စလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။

သူကမကြောက်ပေမယ့် ယုန်ပေါက်စလေး အသည်းငယ်ထိတ်လန့်ရှာမည်ကို ကာကွယ်ပေးချင်သောကြောင့် ဖြစ်သည်။

တစ်ညကုန်ဆုံး၍ ရောက်ရှိလာသောမနက်ခင်းသည် ထုံးစံအတိုင်း မှုန်ပျပျအလင်းရောင်ဖြင့်..။

မျက်စိတစ်ဆုံး အကွာအဝေးလောက်သည်ပင် မဲညစ်ညစ်နှင်းမှုန်များနှင့် ဖုံးလွှမ်းနေသည်။

မှန်ပြတင်းက အပြင်ဘက်သို့ လှမ်းငေးနေသည့် သူ့အပေါ် ယုန်ပေါက်စလေးက တက်ထိုင်လာသည်။

သူသည် ယုန်ပေါက်စ၏ဂုတ်ပိုးအိအိလေးကို ခက်ဖွဖွဆုပ်နယ်ပွတ်သပ်ပေးရင်း..

"မင်းလည်း ပျင်းနေပြီလား.."

ခက်တွေတွေရေရွတ်ရင်း ယုန်ကလေးကိုချီကာ ထိုင်ရာက ထသည်။

"ငါတို့ အပြင်ထွက်ပြီး နှင်းစက်တွေကို ထိတွေ့ကြည့်မယ်.."

အခန်းကျယ်ကြီးတစ်ခုအတွင်း ရက်ပေါင်းများစွာ ရှင်သန်ခဲ့ရသော ဆော့ဂျင်အတွက် ယုန်ပေါက်လေးသည် အဖော်အသင်းရလိုက်သလိုပင်..။

မှန်တံခါးချက်ကြီးကို ခဲရာခဲဆစ်တွန်းဖွင့်ပြီးနောက် ဆော့ဂျင်တို့ အပြင်ဘက်သို့ရောက်ရှိလာခဲ့သည်။

နှင်းငွေ့ရိုက်သော လေထုအေးသည် မျက်နှာနှင့် လည်ပင်းသို့ရိုက်ခတ်လာတော့ အေးမြမြအထိအတွေ့နှင့်အတူ လေတိုက်ခတ်နှုန်းကိုပါ ခံစားလိုက်ရသည်။

The Witch ' s Black RoseWhere stories live. Discover now