ဒေါသ၊ပူလောင်မှုနှင့် နာကြည်းမှုတို့၏ ပြင်းထန်သောအဟုန်တို့ကြောင့် လူသားငယ်သည် သူ့ရှေ့မှာတင် မေ့မျောလဲကျသွားခဲ့သည်။
မျက်ရည်စတို့ကပ်ညိနေသော မျက်နှာလေးကို ခက်ဖွဖွကိုင်ကာ လှုပ်နှိုးသာ်လည်း နိုးမလာသောကြောင့် လူသားငယ်ကို သူပွေ့ချီလိုက်သည်။
သူ့ရင်ထဲတွင် အမည်ဖော်မပြတတ်သော မောပန်းခြင်းတစ်မျိုး ဖိစီးနေသည်။
မငြိမ်မသက်ဖြစ်နေသော အသက်သွေးတို့မှီတည်ရာသည် အေးစက်တည်ငြိမ်နေသော သူ၏အပြင်ဘက်ပုံစံနှင့် လားလားမျှပင်မသက်ဆိုင်တော့ပေ..။
အားအင်ကုန်ခမ်းကာ မေ့မျောနေသည့် ခန္ဓာကိုယ်လေးကို ကျောက်ရေကန်ကြီးထဲ အသာအယာချပေးလိုက်သည်။
ထို့နောက်သူလည်း အောက်ပိုင်းအဝတ်တစ်ခုသာချန်ပြီး ရေထဲလိုက်ဆင်းသည်။
ဖြူဖျော့နေသည့်ခန္ဓာကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းရင်း လက်ဖဝါးတွေကို သူ့လက်ဖဝါးကျယ်များနှင့် ဖျစ်ညှစ်ဆုပ်ကိုင်ထားမိသည်။
ထိုခဏ၌ ကင်မ်ဆော့ဂျင်အား သိစေချင်သည့် စကားလုံးများကို စိတ်ထဲကနေ တစ်လုံးချင်းပြောမိသည်။
အသားချင်းထိကိုင်လိုက်ရုံနဲ့ တစ်ပါးသူရဲ့စိတ်ကို ဖတ်နိုင်တဲ့စွမ်းအင်မျိုး မင်းမှာရှိနေတာ မသိရကောင်းလား ကင်မ်ဆော့ဂျင်ရဲ့...
ကိုယ်မင်းကိုဖွက်ထားခဲ့တာဟာ စုန်းမြှူမတွေရန်က ကင်းဝေးစေဖို့ပါ...
သန့်စင်မွန်မြတ်တဲ့စိတ်ထားနဲ့ နှင်းပန်းတွေလိုအလှတရားတွေပေါင်းစပ်ပြီး ပြန်လည်မွေးဖွားလာတဲ့မင်းကို မနာလိုမရှုဆိတ်လွန်းလို့ သတ်ဖြတ်ပစ်ချင်နေတဲ့ စုန်းကဝေတွေက မင်းကို အိမ်မက်ထဲအထိ နှောက်ယှက်နေကြတယ်မဟုတ်လား...
ကိုယ်ကမင်းကို အိမ်မက်ဆိုးတွေဖြစ်တည်စေခဲ့တာမဟုတ်ပါဘူး .. ကာကွယ်ပေးချင်ခဲ့တာပါ..ပြီးတော့ လူသားတစ်ဝက်ရောနေတဲ့မင်းကို ထပ်ပြီးနာကျင်အောင်မလုပ်ချင်လို့ အိမ်မက်အဖြစ်လှည့်စားပြီး ဆက်ယှက်ခဲ့တာ...
YOU ARE READING
The Witch ' s Black Rose