ဝွီးးးဝူးးး..
တံခါးနံရံများသို့ ထိတိုက်သွားသော လေတိုးသံများသည် မှုန်တိုင်းတစ်ခုကို သယ်ဆောင်လာသည့်အလား..။ နေ့လားညလား မခွဲခြားတတ်လောက်အောင် လောကပတ်ဝန်းကျင်သည် နှင်းငွေ့များဖြင့် မည်းမှောင်ပိတ်ဆည်းနေသည်။
ခြေဖျားမှ ပခုံးထိ လွမ်းခြုံထားသော ကတ္တီပါစောင်ထူထူကြီးသည် ရာသီဉတုဒဏ်ကို အံတုကာ နွေးထွေးမှုပေးနိုင်ပေမယ့် ကြောက်ရွံ့စိတ်ကိုတော့ အကာကွယ်မပေးနိုင်ပေ..။
စောင်ထူထူအောက်က ခြေဖျားလေးများသည် ရေခဲတုံးလေးလို အေးစက်နေသည်။ ဆော့ဂျင်သည် သူ၏မူပိုင် လက်ချောင်းကောက်ကောက်လေးများကိုလည်း ဆုပ်ချည်ဖြန့်ချည်ပြုလုပ်လျက်..။ အအေးဒဏ်သည် အလုံပိတ်အိပ်ခန်းကျယ်ထဲ တစ်စိမ့်စိမ့်ဝင်ရောက်လာသည်။
ပခုံးပေါ်က စောင်အထူကြီးကို ခေါင်းထိဆွဲခြုံပစ်လိုက်သည်။
အေးလိုက်တာ..ဒီညဘယ်လိုများအိပ်ရမလဲ..
အချမ်းဓာတ်သည် ဘေးစောင်းလေး ကွေးအိပ်နေသော ဆော့ဂျင်၏ ကျောဘက်သို့ တမြေ့မြေ့ဝင်ရောက်လာသည်။ ကျောဘက်က ချမ်းလာတော့ ပတ်လက်လှန်အိပ်ရန် ပြင်လိုက်သည်။ ထိုအခါ ခါးအလယ်ပိုင်းနှင့် ခြေဖျားခြေဆစ်လေးတွေက ရေခဲဂူထဲရောက်နေသလို ခံစားရပြန်သည်။
ဟင်းး..ချမ်းလိုက်တာ..
ဘယ်လိုအိပ်အိပ် အေးနေတဲ့အဆုံးတော့ တစ်ကိုယ်လုံးကို စောင်ထူထူဖြင့် လုံအောင်ပတ်ပြီး ကုတင်နောက်မှီကို မှီကာ ငုတ်တုတ်ထိုင်လိုက်တော့သည်။
ဝူးးး..ဝွီးးးး...
လေတိုးသံကြီးက နီးလာလိုက်ဝေးသွားလိုက်နှင့် ကြောက်စရာကောင်းသည်။
နားရွက်ဖျားလေးတွေ မြုပ်သည်အထိ စောင်ခြုံထားသော ဆော့ဂျင်သည် ဒူးလေးနှစ်ဖက်ထောင်ကာ ဂုတ်လေးပုလျက်..ခေါင်းသုံးလုံးအဘိုးအိုလေးနှင့် ဆင်တူလှသည်။
ကျွီ..
တံခါးဖွင့်သံတစ်ခု..မသဲမကွဲကြားလိုက်ရသည်။
ဖျက်..ဖျက်..
သူ့အနားသို့လျှောက်လှမ်းလာသော အိမ်စီးဖိနပ်သံ..။
![](https://img.wattpad.com/cover/358931038-288-k495917.jpg)
YOU ARE READING
The Witch ' s Black Rose