End U/Z

276 3 2
                                    

'မဟုတ်ဘူး...ဒုန်း..!! မဖြစ်နိုင်ဘူး ''

''ဘာသံတွေ..ဟင်အကိုနှင်းဆီမောင် ''

ပန်းနုအသံကြားရာအခန်းဆီလျှောက်လာချိန်ကိုကြီးအခန်းတံခါးသော့ကပွင့်နေတော့သည်။ သူရိုက်ခွဲသံတွေကြားလို့ဝင်ကြည့်ချိန်ဒူးထောက်ထိုင်ကာပစ္စည်းတွေပေါက်နေတဲ့နှင်းဆီမောင်ကြောင့်ထိန့်လန့်သွားတော့သည်။ စိတ်အခြေအနေပြန်ကောင်းရုံဘဲရှိနေသေးတာမို့သူပိုပြီးစိတ်မကောင်းဖြစ်ရသည်။ သူ့အသံကြားလို့ထင်သူကပန်းနုဆီကိုလှည့်ကြည့်လာတော့သည်။ ပန်းနုကိုမျက်ရည်အဝိုင်းသားဖြင့်ကြည့်ကာ..

''ဘာလို့ကျွန်တော့်ကိုလိမ်ရတာလဲ..မောင်က ကင်ဆာရောဂါကြောင့်သေတာမဟုတ်ဘဲ..ကိုယ့်ကိုကိုယ်အဆုံးစီရင်တာဘာလို့မပြောတာလဲ..!!..ဒုန်း..!!ကျွန်တော်နဲ့အတူနေရတာအဲ့လောက်တောင်ရွံဖို့မုန်းဖို့ကောင်းနေလို့လား။..ခွမ်း..!! ''

'' မဟုတ်ပါဘူးအကိုရယ်..ပန်းနုတောင်းပန်ပါတယ် ပန်းနုကိုခွင့်လွှတ်ပါ..အီး..ပန်းနုကိုကြီးကြောင့်အကို့ကိုမပြောပြမိခဲ့တာပါ.ဟင့်...ပန်းနုကိုခွင့်လွှတ်ပါ.. ''

ပန်းနုဒူးထောက်တောင်းပန်ပြီးနှင်းဆီမောင်ကိုကြည့်ရင်းငိုနေမိသည်။ နှင်းဆီမောင်စိတ်ကိုတုံးတုံးချလိုက်ကာအပြင်သို့ထွက်လာလိုက်တော့သည်။ ပန်းနုထွက်ပြေးသွားသောနှင်းဆီမောင်ကိုလိုက်မတားဖို့နေလိုက်တော့ငည်။ဤအချိန်ခဏအတွင်းလွှတ်ထားသင့်သည်လို့တွေးလိုက်တော့သည်။ မိုးတွေသည်းနေတဲ့တစ်ညမှာကောင်လေးတစ်ယောက်ဟာလမ်းမပေါ်ထွက်ပြေးလာတော့သည်။ထွက်ပြေးလာတဲ့တလျှောက်လုံးလမ်းမပေါ်ကဖြတ်သွားဖြတ်လာလူတွေကသူ့ကိုဝိုင်းကြည့်နေကြတော့သည်။ ကားပေါ်ကတချို့လူတွေဆိုသူ့ကိုမဖယ်ပေးလို့ဆိုကာဆဲ ကြတော့သည်။ နှင်းဆီမောင်ဝတ်လက်စအကျီတွေကမိုးရေကြောင့်စိုရွဲကာသူ့အတွင်းသားတွေထိကိုထိုးဖောက်မြင်နေရတော့သည်။သူ့ပုံစံကိုကြည့်ပြီးတချို့ယောကျ်ားလေးများကသူ့ကိုလူမဆန်သလိုပုံမျိုးဖြင့်ကြည့်နေကြတော့သည်။ သူ့ကိုကြည့်နေတဲ့မျက်လုံးတွေကြောင့်သူလမ်းမပေါ်ကနေပြေးထွက်လာခဲ့သည်။ လမ်းအကွေ့အရောက်တဖက်ကလာနေတဲ့ကားကိုမမြင်ဘဲဝင်တိုက်မိတော့သည်။ကားကိုအရှိန်ဖြင့်ပစ်တိုက်မှုကြောင့်သူ့ခန္ဓာကိုယ်ကလေပေါ်မြှောက်ကာအဝေးကကျောက်ဆောင်နဲ့သွားရိုက်မိသွားတော့သည်။ တစ်ခဏအတွင်းမှာဘဲသူ့ဆီလျှောက်လာနေတဲ့ကားသမားရဲ့ပုံရိပ်ဝါးကိုမြင်ပြီးချင်းမျက်လုံးများမှိတ်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 26 ⏰

Add this story to your Library to get notified about new parts!

မောင်သည်သာ (Completed)Where stories live. Discover now