ဒီနေရာကို သူရောက်တာတစ်ပတ်ကြာနေပြီ
ဘာမှ ရေရေရာရာ မသိသေးပေမယ့် သူ့ခေါင်းထဲက အသံကတော့ ဆက်တိုက် မရပ်မနား တွတ်ထိုးနေတတ်တယ်။
[ Host ဒီကမ္ဘာက အရမ်းလွယ်လွန်းတယ်ဆိုပြီး အချက်အလက်ထဲမှာ ပါတယ်။ဒါ Host ရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်လို့ easy mode ဖွင့်ထားရုံတင်မကဘူး။ ဒီကမ္ဘာရဲ့ levelကလည်း အဆင့်တောင် မသတ်မှတ်ထားဘူး။ကြည့်ရတာ လွယ်လွန်းလို့ စာရင်းထဲ မရှိတာပဲနေမယ်။ ]ကမ္ဘာကလွယ်လွန်းတယ်တဲ့လေ ဟုတ်ပါပြီ။
[ Host တစ်ခုခုပြောပါဦး၊ပြောရမယ်ဆို Host လုပ်ရမယ့်တာဝန်က ဘာမှန်းမသိရသေးဘူး၊စကားမပြောဘဲ မနေပါနဲ့ ]
"ဒါဆို ငါဘာလုပ်ရမှာလဲ၊ငါ့တာဝန်ကိုအရင်ပြော"
[ အာ တာဝန်ကမသိရသေးဘူး Host ၊ပစ်မှတ်ကို တွေ့မှ တာဝန်က ပေါ်လာမှာ၊ဒါကြောင့် Host က အိမ်ထဲမှာပဲ နေလို့မဖြစ်ဘူး၊ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ကြည့်ပြီး ပစ်မှတ်ကိုရှာရမှာ ]
"ပစ်မှတ်ကို တွေ့ရင် ဘာလုပ်ရမှာလဲ"
[ အဲ့ဒါက ပစ်မှတ်တွေ့မှ ပြောလို့ရမှာပါ Host ]
သူ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး
"ဒါဆိုမှတော့ ငါမလုပ်တော့ဘူး၊ဘာမှန်းမသိရတဲ့ တာဝန်ကိုယူဖို့ဆိုတာ မဖြစ်နိုင်ဘူး၊မင်းဘာသာမင်း တခြားရှာလိုက်"သူထိုသို့ ပြောပြီးနောက် သူ့ခေါင်းထဲရှိအသံမှာ ချက်ချင်းတုန်လှုပ်သွားပုံပေါ်ကာ အလျင်စလို ပြောလာတော့သည်။
[ Host အဲ့လိုလုပ်လို့မရပါဘူး၊ကျွန်တော်တို့က ချိတ်ဆက်ထားပြီးသားဖြစ်တော့ တာဝန်မအောင်မြင်ရင် အတူတူဖျက်ဆီးခံရမှာပါ ]
"...ဖျက်ဆီးခံရမယ်၊ ဟုတ်လား ချိတ်ဆက်ထားတယ်ဆိုတာကရော ဘာလဲ"
[ ဒါက... Host စိတ်လျှော့ထားပါ၊ကျွန်တော်တို့ တာဝန်ကို အောင်နိုင်သရွေ့ ဖျက်ဆီးမခံရပါဘူး၊ပြီးတော့ Host က ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာ လွင့်မျောဝိညာဉ် အခြေအနေမလို့ Host ကိုမပြောဘဲ တန်းဆက်သွယ်လိုက်တာပါ ]
သူ မျက်မှောင်ကြုတ်သွားမိပြီး တစ်ချက်ရယ်လိုက်ကာ
"ဘာလို့ငါ့ကို အခုမှလာပြောနေတာလဲ ဖျက်ဆီးခံရမယ်ဆိုတာကို ဘယ်သူက ဂရုစိုက်နေလို့လဲ၊ မင်းပြောခဲ့တာ ငါ့ဝိညာဉ်က လေလွင့်နေပြီဆိုတော့ သေပြီးသား ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သေပြီးမှတော့ ငါ ဘာတာဝန်မှ မလုပ်ချင်ဘူး "
YOU ARE READING
အသက်ရှင်ဖို့ အပျော်ရှာမယ်
General FictionSystem bl အပြာ လိုးစာ MC တစ်ယောက် ကမ္ဘာ တွေပြောင်းပြီး သူ့ကိုမုန်းတဲ့သူတွေကို ဘယ်လိုခြွေပစ် မလဲဆို ဖတ်ရမှာပါ။ ‼️မှတ်ချက်။ ဤစာသည် boy အချင်းချင်း ကာမဆက်ဆံမည့် အကြောင်းများကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည့် စာဖြစ်သည်။ စကားလုံးအသုံးအနှုန်းများ ထင်သာမြင်သာ...