Chapter 12

3.8K 139 7
                                    

  ဂျိမ်းတို့၏စကားဝိုင်းထဲမှ ငွေကြေးပြတ်လပ်နေသော အလယ်လတ်အကျိုးဆောင် ကုမ္ပဏီသည် ယခုတွင် ဖိတ်ကြားမထားသော ရှယ်ယာရှင်များ တဖွဲဖွဲ ရောက်လာ၍ ဧည့်ခံနေရသည်။

" ဒုဥက္ကဌ မစ်စတာအာရာဂွန် ရောက်လာပါတယ် "

" သူရောက်လာပြီလား မြန်မြန် ငါ့ရုံးခန်းထဲခေါ်ခဲ့ "

  အာရာဂွန် ရုံးခန်းထဲ ဝင်လိုက်သည်နှင့် ယခင်အတိုင်းပင်  မပြောင်းလဲသော ရှုပ်ပွနေသည့် ဆံပင်ပုံစံ အနေအထားနှင့် ဒုဥက္ကဌ ဂျင်အား တွေ့လိုက်ရသည်။

သို့သော် ပြောင်းလဲသည့် တစ်ခုတည်းသောအရာမှာ ရှုပ်ပွနေသည့် သူ့အသွင်ပြင်နဲ့မှမလိုက် အလွန်ပင် ကျေနပ်ပျော်ရွှင်ဟန်ရသော တလက်လက်တောက်ပနေသည့် မျက်လုံးများဖြစ်သည်။

" ခင်ဗျား မအိပ်ရသေးဘူးလား "

" ဘယ်လိုလုပ်အိပ်နိုင်မှာလဲ ညတုန်းက ကမ်းခြေမြို့ကနေ ဖုန်းရကတည်းက  အချက်အလက်တွေစိစစ်ပြီး ပြင်စရာရှိတာတွေ ပြင်ထားရတော့တာ၊
ဒါတောင် မနက်မိုးလင်းတာနဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့ကုမ္ပဏီ‌တွေက တန်းဆက်သွယ်‌တာ၊
ပြင်စရာရှိတာတွေ ပြင်ပြီးရင် ဒီအပတ်ထဲပဲ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ တရားဝင်ရှယ်ယာရှင်အစည်းအဝေး ကျင်းပမလို့  "

" ကောင်းသားပဲ၊ မြန်နိုင်သမျှ မြန်လေကောင်းလေပဲ "

" မစ်စတာ အာရာဂွန် အဲ့ဒါ ခင်‌ဗျားပြောတဲ့ 'ဖြေရှင်းလိုက်မယ် စိတ်ချနေ' ဆိုတဲ့ဟာလား၊ တကယ်ကို စိတ်ချရတာပဲ၊ တစ်ညတည်းနဲ့ အခြေအနေက ပြောင်းပြန်လှန်သွားတာ "

" အရင်က ဆွေးနွေးထားတဲ့အတိုင်း ကျွန်တော့်ဘက်က ၄၀ ရာခိုင်နှုန်း၊ ခင်ဗျားတို့က  third party ခေါ်ခေါ် ဘယ်လိုလုပ်လုပ် ၆၀ ရာခိုင်နှုန်းပဲနော် "

" အင်း ကျွန်တော်တို့က အစကတည်းက  မိသားစုပရောဂျက်လေ ဝမ်းကွဲနှစ်ယောက်နဲ့ တွဲလုပ်မှာ၊ သူတို့က ၃၀  ကျွန်တော်က ၃၀၊ ပြီးတော့ ဒီတစ်ခေါက် ပူးပေါင်းချင်တဲ့ ကုမ္ပဏီထဲမှာ ထိပ်တန်းကုမ္ပဏီတွေရော ပါလာတာနော် J centre    ရောပဲ "

ထိုကုမ္ပဏီနာမည်အား ကြားလိုက်သော မာန်သည် ပျော်ရွှင်စွာပြုံးလိုက်ကာ

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now