Chapter 5

10.8K 188 14
                                    

ပြတင်းပေါက်မှ နေရောင် အခန်းတွင်းသို့ ရောက်ရှိလာချိန်တွင် ခမ်ဒန်သည် ခါတိုင်းကဲ့သို့ နိုးလာလေသည်။ သူ၏ တစ်ကိုယ်လုံး နွမ်းနယ်နေသလိုခံစားရပြီး ထရန်ကြိုးစားလိုက်သောအခါ သန်မာသော လက်တစ်ဖက်၏ ဆွဲချခြင်းကို ခံလိုက်ရပြီး အိပ်ရာ ပေါ်ပြန်၍ လဲကျသွားသည်။

" အာ့.."

ခမ်ဒန် အံ့အားသင့်သွားပြီး ချက်ချင်းနောက်လှည့်ကြည့်လိုက်သောအခါ အာရာဂွန်၏ အိပ်ပျော်နေသော ချောမော ခန့်ညားသည့် မျက်နှာကို တွေ့လိုက်ရသည်။

" ဟင်..မင်း..ဘယ်လို.."

မာန်သည် ခမ်ဒန်၏ ခါးအားပွေ့ဖက်ပြီး သူ၏ရင်ခွင်ထဲသို့ ဆွဲယူဖက်လိုက်ကာ

"..စောသေးတယ် ထပ်အိပ်ဦးလေ.."

ခမ်ဒန်သည် ယခုအခြေအနေအား မတုံ့ပြန်နိုင်ဖြစ်နေပြီး အာရာဂွန်၏ အိပ်ရာနိုးကာစ အက်ရှရှ အသံကြားမှ  ယမန်နေ့ည၏ ရမ္မက်လွှမ်းသော ရှက်ဖွယ်လိလိ ပုံရိပ်များကို ပြန်မှတ်မိသွားကာ ကြည်စင်သော မျက်နှာမှာ တမဟုတ်ချင်း နီစွေးသွားလေသည်။

ခမ်ဒန်သည် မနေ့ညက သူကိုယ်တိုင် လိုလားစွာ တောင်းဆိုခဲ့ပုံများအား ပြန်တွေးမိကာ မယုံကြည်နိုင်ဖြစ်နေသည်။

"ဒါ..ဘယ်လိုဖြစ်ပြီး..ငါဘာတွေလုပ်ခဲ့မိတာလဲ.."
ခမ်ဒန်သည် အာရာဂွန်၏ ပွေ့ဖက်ထားမှုမှ ရုန်းထွက်ကာ အာရာဂွန်အား ထုရိုက်တော့သည်။

" မင်း..မင်း...လူယုတ်မာ.."

" ဘာလို့...ဒီလောက်ထိ ယုတ်မာရတာလဲ..."

"... ဘာလို့ ဒီလိုကိစ္စမျိုးကို... လုပ်ရက်ရတာလဲ...."

မာန်သည် ရုန်းကန်လာသော ခမ်ဒန်၏ လက်များနှင့် ခြေထောက်များအား ချုပ်လိုက်ကာ

" ကျစ်..ငြိမ်ငြိမ်လေး မအိပ်ဘူးလား ... ခုထိလှုပ်နေဖို့ အားအင်တွေ ကျန်သေးတာလား..."

"...ခဏလောက် ဆက်အိပ်ရအောင်ပါဆို...အမေရယ်.."

ခမ်ဒန်သည် အာရာဂွန်၏ စကားထဲတွင် အမေဆိုသည့် စကားလုံးအား ကြားလိုက်သောအခါ
တုန်လှုပ်သွားပြီး မျက်လုံးတွင် မျက်ရည်များ ရစ်သိုင်းလာသည်။

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now