Chapter 14

4.4K 160 10
                                    


    [ Host  ထတော့...]

[ Host ...ထပါတော့ ဒီနေ့ ပစ်မှတ်ရဲ့သား  အိမ်ပြန်လာမှာ ပိတ်ရက် ရောက်ပြီလေ.....Host.. ခမ်ဒန်ကို ကတိပေးထားတယ်လေ  ကလေးကို ဖွင့်ပြောမယ့်ကိစ္စ ကိုယ်ရှင်းလိုက်ပါမယ်ဆိုပြီး...]

"  A09!! ဆူညံနေတာပဲ...ပိတ်ထားစမ်း..  "

[  ဆူညံရတာပေါ့ host ရဲ့ အခုပဲ 7 နာရီထိုးနေပြီ...ဟိုကလေးကို 8 နာရီကျ သွားကြိုရမှာလေ သူကမနေ့ညနေကတည်းက ပြန်လာချင်တာကို ခမ်ဒန်က မနက်စောစောမှ လာခေါ်မယ်ပြောလို့  ကျောင်းမှ မနေချင်နေချင်နဲ့  တစ်ညထပ်နေလိုက်ရတာ... ]

[ ..တကယ်လို့ host သာ သွားကြိုတာ နောက်ကျရင် အဲ့ကလေးက စိတ်ဆိုးနေမှာပေါ့ အဲ့ကျ host ရဲ့ "ငါမင်းအမေကို ယူထားပြီးပြီ မင်းအခု ငါ့သားဖြစ်နေပြီ" ဆိုတဲ့ ဇာတ်လမ်းကို ဘယ်လိုရှင်းပြတော့မှာလဲ...ပိုစိတ်ဆိုးကုန်မှာပေါ့..]

" ...အခုတော့ ငါမင်းကို ပိုစိတ်တိုနေပြီကွ!!
ဘယ်မှာလဲ 7 နာရီ အခုမှ 6 နာရီရှိသေးတာကို
"

[.......]

~~ဘယ်သူက  တစ်ညလုံး ကစားခိုင်းလို့လဲ ဟွန့် ပစ်မှတ်က တားနေတာတောင် မိုးလင်းတဲ့ထိ ဆက်သွားလိုက်သေးတယ်  ~~

"....Beep~~beep~~~beep~~~~...."

" ... Hello...ခမ် ...နိုးနေပြီလား.."

" ...သားကို သွားကြိုဖို့ နှိုးဆက်မြည်လာလို့  ထလိုက်တာ  ပြီးတော့ ပြောစရာရှိလို့..."

မာန် အိပ်ရာမှ ထထိုင်လိုက်ကာ

"..အင်းပြောလေ"

"...ဒီပိတ်ရက်မှာ ဂျိမ်းနဲ့ ကွာရှင်းဖို့ ကိစ္စတွေ လုပ်မလို့ လီယိုကို ရှိမနေစေချင်လို့  အဲ့ဒါ မင်းသူ့ကို ခေါ်ထားပေးနိုင်မလား...   တကယ်လို့အဆင်မပြေရင်လည်း သူ့ကို ကျောင်းမှာပဲ နေခိုင်းလိုက်မလို့.... "

"...ရတယ် ခမ် ကိုယ် ခေါ်ထားပေးမယ်လေ...ပြီးတော့ ဇနီးလေးကို ကတိပေးထားတာလည်းရှိသေးတာပဲ..."

"...အင်း အရမ်းကြီး တွန်းအားမပေးနဲ့နော်..
ဪ သူ့ကိုခေါ်ထားမယ်ဆို ခုမနက်စောစောသွားကြိုရမှာ သူက မျှော်နေမှာ.."

ထိုအခါ တုံ့ဆိုင်းခြင်းမရှိဘဲ မာန် ပြန်ဖြေလိုက်သည်က

"   အင်း  ကိုယ်မျက်နှာသစ်ပြီးရင် ချက်ချင်း သွားကြိုလိုက်မယ် "

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now