Chapter 11

4K 139 15
                                    

   အခန်းထဲရှိ  ယစ်မူးရီဝေနေသော လေထုနှင့် ချစ်သက်သေအကြွင်းအကျန်များအား ရှင်းလင်းလိုက်ပြီးနောက် မာန်သည် ခမ်ဒန်အား ရေချိုးခန်းထဲသို့ပွေ့ချီလာကာ  ရေနွေးနှင့် ဆေးကြောသန့်ရှင်းပေးလိုက်သည်။

ရေချိုးကန်အတွင်းရှိ ခမ်ဒန်သည် သူ့တစ်ကိုယ်လုံးအား စိုစွတ်နေကာ မာန်၏ လက်ဖြင့်နေရာအနှံ့ပွတ်သပ်ဆေးကြောပေးခြင်း ခံနေရသော်လည်း အံ့ဩဖို့ကောင်းစွာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပေသည်။

အင်္ကျီကြယ်သီးများအား ဖြုတ်၍ ဆေးကြောသန့်စင်ရန် ဖွင့်ဟလိုက်သောအခါ ထိတ်လန့်ဖွယ်ကောင်းသော အနီရောင် ခရမ်းရောင် အမှတ်အသားများကို တွေ့လိုက်ရသည်။
အထူးသဖြင့် ဖြူဖွေးနူးညံ့လွန်းသော ထိုဂျုံဖြူမုန့်လုံးတစ်စုံပါပင်။

ထိုနေရာအနီးတဝိုက်တွင် ကိုက်ရာများနှင့် စုပ်ရာများသည် ပို၍ပြင်းထန်သည်မှာ အလွန်ပင် သနားစဖွယ်ကောင်းနေတော့သည်။

ထိုသို့ပြင်းပြင်းထန်ထန်ချစ်ခြင်းခံထားရသော အမှတ်အသားများအား ကြည့်၍ မာန်အနေခက်စွာတွေးမိသည်မှာ

....ဒါငါလုပ်ခဲ့တာလား ...အဲ့လောက်ထိဖြစ်သွားတာလား....
အဲ့တုန်းကတော့  အရမ်းနူးညံ့နေတာပဲ မှတ်မိတယ်...ပြီးတော့ နို့နံ့လေးလည်းသင်းနေပြီး....အဟွတ်...
ဆက်မတွေးတာပဲကောင်းမယ်..

သို့သော် ခမ်ဒန်၏ ထိခိုက်ဒဏ်ရာရနေပုံပေါ်သော နှင်းဖြူရောင် အသားအရေသည်  ရေထဲတွင် ပိုမိုအရောင်တောက်ပလာသော ကြက်သွေးရောင်ညအိပ်ဝတ်စုံနှင့် လွန်စွာ လိုက်ဖက်ညီဝတ်နေကာ  ပို၍ပင် ဆွဲဆောင်အားပြင်းလာစေသည်။

ထိုဝတ်စုံအား ထိကြည့်၍ မာန်သည် သူပြောသည့်စကားအား နားထောင်ကာ ဝတ်ထားခြင်းဖြစ်‌ကြောင်း သိရှိပြီး ပြုံးလိုက်လေသည်။

အပြင်ပန်းကသာ မာကျောခက်ထန်ပုံ‌ဟန်ဆောင်ပေမယ့် တကယ်တော့ နာခံတတ်ပြီး အတော်လေးချစ်ဖို့ကောင်းတာပဲ...

မိထွေးလေးက ပုန်းကွယ်နေတဲ့ရတနာလေးပဲ...

ငါ အခန်းထဲဝင်လာတာကို  သူစိုးရိမ်နေတာ အသိအသာကြီးဆိုပေမယ့် ဟိုအဘိုးကြီးရှေ့မှာ  နာနာခံခံနဲ့ ခွင့်ပြုပေးတုန်းပဲ...

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now