Chapter 6

9.5K 185 3
                                    

      ရေချိုးပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ချန်ထားခံရသော အမှတ်အသားများအား သေချာထိကြည့်နေသော ခမ်ဒန်သည် အခန်းတံခါး ခေါက်သံကြားလိုက်၍
အလျင်အမြန် အဝတ်ဝတ်လိုက်ရသည်။

" ဒေါက်ဒေါက် ဒေါက် "

" မဒမ် မစ်စတာက ခုနကဖုန်းဆက်လာပါတယ်"

ခမ်ဒန်သည် အာရာဂွန် ကိုက်ခဲထား၍
အနီမှတ်များ ထင်နေသော လည်တိုင်အား သေချာဖုံးကာ၍ ထွက်လာခဲ့သည်။

" သူဘာပြောလိုက်လဲ "

" မဒမ် မစ်စတာက ဒီနေ့ည ပြန်လာပါမယ်တဲ့၊
ပြီးတော့ သခင်လေး ပြန်ရောက်လာတာကို ကြားထားပါတယ်၊ ဒါ့ကြောင့် ဒီနေ့မိသားစုညစာ ရှိမှာမလို့ သခင်လေးကို အရင်လို အပြင်မှာ နောက်ကျတဲ့ထိ မနေပါစေနဲ့တဲ့ "

ခမ်ဒန်သည်  သူ့အနေဖြင့် ဖြစ်ခဲ့သည့် ကိစ္စရပ်များအပေါ် စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးခင် မစ်စတာဂျိမ်း ပြန်ရောက်လာမည်ဆို၍ အပြစ်ရှိစိတ်ဖြစ်ပေါ်လာရသည်။

" ဒါဆို ညစာအတွက် အိမ်‌တော်ထိန်း ကပဲ သေချာဂရုစိုက်ပေးပါဦး ၊ အာရာဂွန့်ကို
သူ့အဖေ ပြန်လာမယ်ဆိုတာ ကျွန်တော်ပြောပြလိုက်ပါမယ် "

" ဟုတ်ကဲ့ပါ မဒမ် သခင်လေးက ထမင်းစားခန်းမှာ စောင့်နေပါတယ် "

အိမ်တော်ထိန်းသည် သခင်လေးအာရာဂွန်၏ မဒမ်အပေါ် နက်ရှိုင်းသော မုန်းတီးမှုများကို နားလည်ထားပြီး ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ဆက်ဆံနေနိုင်သည်အား အံ့ဩမိသော်လည်း
သခင်လေးမှာ တစ်နှစ်ကျော်လောက် အပြင်လောကမှာ ဒုက္ခခံခဲ့ရသဖြင့်  ပိုမိုရင့်ကျက်လာခြင်းဖြစ်မည်ဟု လက်ခံလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သခင်လေး သူ့ကိုယ်သူ အမုန်းတရားတွေကြားထဲ ပိတ်လှောင်မနေတော့တာ ဝမ်းသာစရာပါပဲ။

ခမ်ဒန်သည် လှေကားမှ တစ်ဆင့်ဆင်းလာပြီး ထမင်းစားခန်းသို့ ဝင်ရန် စိတ်ကို ပြင်ဆင်လိုက်သည်။ ထို့နောက်မှ သူရပ်တန့်သွားကာ တွေးမိသွားသည်။

သူဟာ အာရာဂွန်ကို မျက်နှာချင်းမဆိုင်ဝံ့ဖြစ်နေတာပဲ။

ဟူး..အချိန်တစ်ပတ်ရှိပါသေးတယ်...

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now