နောက်ရက်များတွင် မာန်သည်
J centre ၏ အဓိကရှယ်ယာရှင် ဆယ့်တစ်ဦးအား သိမ်းသွင်းနိုင်ရန်အတွက် တစ်ဦးချင်းစီ၏ အားနည်းချက် အကြောက်တရားများနှင့် လောဘများအား သေချာစိစစ်လေ့လာခဲ့သည်။ဥပမာအားဖြင့် ကုမ္ပဏီ၏အမှုဆောင်ချုပ်သည် သူကိုယ်တိုင်က ပြစ်မှုကင်းရှင်းသော်လည်း တစ်ဦးတည်းသော မြေးဖြစ်သူအား ဆေးမှုများမှ အကြိမ်များစွာကယ်တင်နေရဆဲဖြစ်သည်။
နောက်ထပ်ရှယ်ယာရှင် အကြီးအကဲ တစ်ယောက်မှာလည်း အုပ်ချုပ်ရေးပိုင်းမှ ရာထူးကြီးသူ၏သမီးအား လက်ထပ်ယူထားပြီး ထိုအမျိုးသမီးနောက်ကွယ်တွင် ချစ်လှစွာသော မိန်းကလေးတစ်ဦးအား ပျိုးထောင်ထားလေသည်။
ထိုသို့ဖြင့်ပင် လူမှန်သရွေ့ အားနည်းချက်နှင့် လောဘဟူ၍ မရှိဘဲ မဖြစ်နိုင်ရာ ရှာဖွေဖော်ထုတ်တတ်ရန်သာ လိုပေသည်။
သူသည် ပထမဦးစွာ ထိုသူများအား သံလွင်တစ်ခက်ကမ်းပေးလိုက်မည်ဖြစ်ပြီး စေတနာအား လစ်လျူရှုပါက သူတို့၏အကြောက်တရားများအား လှစ်ဟပြမည်ဖြစ်သည်။
ထို့နောက် နာခံသွားပါက ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည် ဖြစ်ပြီး ထိုထက်ပို၍ ကလန်ကဆန်လုပ်လာပါက သူကလည်း သတိပေးထားသည့်အတိုင်း ခံစားစေမည်ဖြစ်သည်။တကယ်တော့ ထိုရက်များအတွင်း ရှယ်ယာရှင်များအား တစ်ဦးချင်းတွေ့ဆုံ၍ သဘောတူညီချက်ယူရာတွင် အခက်အခဲသိပ်မရှိခဲ့ပေ။
အကျိုးအမြတ်ရတာချင်းအတူတူကို ကုမ္ပဏီအုပ်ချုပ်သူပြောင်းသွားရုံနဲ့ မည်သူက ကိုယ်ကိုယ့်ကိုယ် အပျက်စီးခံမည်နည်း။
ထို့ကြောင့် မစ်စတာဂျိမ်း၏ ပြစ်မှုများအား တရားဝင်မဖော်ထုတ်ရသေးခင်မှာပင် အဓိကရှယ်ယာရှင်များသည် အုပ်ချုပ်သူအား ပြောင်းလဲရန် တိတ်တဆိတ် သဘောတူညီခဲ့ကြသည်။
[ Host မူလပိုင်ရှင်ရဲ့ အမေသေဆုံးမှုအတွက် သဲလွန်စ ရပြီ ]
" ဘာသိရပြီလဲ "
[ သူ့ရဲ့အရင်ရောဂါနဲ့ ဆိုင်နေမယ်ထင်တယ် ၊
မူလကိုယ်ရဲ့ အမေက အရင်က နှလုံးရောဂါ ရှိတာ ၊ဒါပေမယ့် ခွဲစိတ်ပြီးနောက်ပိုင်း သူ့ရောဂါက ပိုကောင်းလာတယ်၊ သူသေဆုံးချိန်နဲ့ နောက်ဆုံးခွဲစိတ်ခဲ့တဲ့ အချိန်က ငါးနှစ်တောင် ကြာနေပြီ၊ ဒါမယ့် သူသေဆုံးတော့ နှလုံးဖောက်ပြီး ကားမတော်တဆ ဖြစ်တယ်လို့ ပြောထားတယ် ]

YOU ARE READING
အသက်ရှင်ဖို့ အပျော်ရှာမယ်
Ficción GeneralSystem bl အပြာ လိုးစာ MC တစ်ယောက် ကမ္ဘာ တွေပြောင်းပြီး သူ့ကိုမုန်းတဲ့သူတွေကို ဘယ်လိုခြွေပစ် မလဲဆို ဖတ်ရမှာပါ။ ‼️မှတ်ချက်။ ဤစာသည် boy အချင်းချင်း ကာမဆက်ဆံမည့် အကြောင်းများကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည့် စာဖြစ်သည်။ စကားလုံးအသုံးအနှုန်းများ ထင်သာမြင်သာ...