Chapter 3

2.7K 135 35
                                    

" သားတော်ကို အသိမပေးနဲ့တော့..ကိုယ်တော် ဒီတိုင်း ဝင်သွားမယ် "

ထို့ကြောင့် အရှင်မင်းကြီး ရောက်ရှိကြောင်း ကြေညာတော့မည့် မိန်းမစိုးမှာ တိတ်သွားကာ အရှင့်သား၏ အထိန်းတော်နှင့် အနီးကပ်အစေခံ တို့မှ အတွင်းခန်းထဲသို့ ခေါ်ဆောင်သွားသည်။

အရှင့်သားသည် လူအများနှင့်ပြောဆိုဆက်ဆံရသည်အား မကြိုက်သူဖြစ်ရာ သူ့အဆောင်ရှိ အစေခံများမှာလည်း အလွန်နည်းပေသည်။
အမြဲအနီးကပ်ပြုစုသည့်အစေခံဟူ၍ သူ့မယ်တော်၏ လူများဖြစ်သည့် အထိန်းတော် ကျုံးဝမ် (Zhōngwēn , 忠温) နှင့် အစေခံမိန်းကလေး ရိဝမ် (Yìwēn , 义温) သာ ရှိသည်။

" ရွှီအာက ဘယ်လိုနေလဲ...
သူအရက်လည်းမသောက်နိုင်ဘဲ ညတုန်းက သောက်လိုက်တာ အခုသက်သာရဲ့လား "

" အရှင့်သားက အရှင်မင်းကြီးရဲ့မွေးနေ့ဆိုတော့ ဂုဏ်ပြုချင်လို့ သောက်လိုက်တာပါ... အဆောင်ဆီပြန်ရောက်တော့ တန်းအိပ်ပျော်သွားတာ...ဒီအစေခံ အမူးပြေဟင်းရည်လေးပြင်ပေးတာတောင် မသောက်လိုက်ဘူး....အဲ့‌ဒါကြောင့် အခုအမူးပြေဟင်းရည်ရော တစ်ခါတည်းယူလာပါတယ် "

အခန်းထဲရှိ မာန် အပြင်ဘက်မှ လှုပ်ရှားမှုများအား ကြားလိုက်ရာ

[ Host ကျင်းဘုရင် ရောက်လာပြီ...အခု ဒီအခန်းကို လာနေပြီ ]

" အင်း သိပြီ "

ထို့နောက် အရှင့်သား၏ အတွင်းဝတ်ရုံလည်ပင်‌း နေရာအား ညှပ်ရိုးအထိမြင်စေရန် ဖြဲပစ်လိုက်ကာ ခေါင်းအား မာန် သူ့လည်တိုင်ဆီသို့ မှီစေလိုက်သည်။

အခန်းထဲတွင် တံခါးဖွင့်သံ ခပ်တိုးတိုးကြားရပြီးနောက် မှိတ်ထားသောမျက်ခွံအောက်မှ မျက်စံသည် အလင်းရောင်ထိန်လင်းလာသည်အား ခံစားလာရသည်။

ရိဝမ် သည် အရှင်မင်းကြီးအား အခန်းတွင်းသို့ ဝင်စေပြီး ထောင့်ရှိမီးအိမ်များဆီသို့ မီးထွန်းကာ
အရှင့်သားအိပ်နေရာ ကုတင်ဆီသို့ကြည့်လိုက်မိရာ
သူမမျက်လုံးမှ မြင်မိသည့်ပုံရိပ်ကြောင့် အလွန်ထိတ်လန့်အံ့ဩသွားရသည်။

...အ...အရှင့်သားကုတင်‌ပေါ်မှာ လူနှစ်ယောက် ဖက်အိပ်နေကြတယ်....

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now