Chapter 3

15K 185 9
                                    

ခမ်ဒန် အာရာဂွန်၏ စကားကြောင့်
မျက်‌မှောင်ကြုတ်ပြီး မတ်မတ်ထိုင်လိုက်မိသည်။

ဒီကောင်လေး ဒီတစ်ခေါက်အပြင်မှာ အကြာကြီးနေပြီးကတည်းက တစ်ခုခုပြောင်းလဲသွားသည်။ အရင်ကဆိုလျှင် ခမ်ဒန် သူ့ကိုယ်သူ အမေလို့ ပြောရင် အရမ်းစိတ်တိုတတ်တဲ့သူက အခုကိုယ်‌တိုင်တောင် အမေလို့  ခေါ်နေသေးသည်။

ယခုလည်း သူ့ကို တော်တော်နုသည်တဲ့။ ဒါသက်သက် သူ့ကို အသက်ကြီးနေပြီလို့ပြောတာမလား။

သူအမှန်တကယ်ပြောချင်တာက ခင်ဗျားအသက်ကြီးနေပြီ သေဖို့စောင့်နေလိုက်‌တော့ဆိုတာမျိုး ဖြစ်ရမယ်။

ပြီးတော့ ဒီကောင် အပြင်မှာ အတတ်ကောင်းတွေသင်လာခဲ့ပြီး နှာဘူးကျလာတယ်။
အရင်ကဆို ငါ့ကို မျက်နှာချင်းတောင် မဆိုင်ချင်တဲ့ကောင်က အခုကျ
မျက်လုံးကျွတ်ကျမတတ်ပဲ ကြည့်နေတာ။ အာရာဂွန် ဘာအကြံတွေနဲ့ ပြန်ရောက်လာပြန်လာလဲ။

ခမ်ဒန် တစ်ယောက်တည်း အတွေးများနေပြီး ရုတ်တရက် သတိရသွားကာ မေးလိုက်သည်။

" မင်း ဒီတစ်‌ခေါက် ဘယ်‌လောက်ကြာအောင် နေမှာလဲ"

ထိုအခါ အာရာဂွန် ခမ်ဒန်အား ပြုံးကြည့်ကာ ဖြေလိုက်သည်။

" ကျွန်တော် ပျော်သလောက် နေမှာ၊ အမေက ကျွန်တော်ပျော်အောင် သေချာပြုစုပေးရမယ်နော် "

" ကဲပါ ကျွန်တော်လည်း ဒီညတော့ နားတော့မယ်၊
နောက်နေ့တွေကျမှ ဒီအမေကို သေချာအဖော်လုပ်ပေးမယ် "

အာရာဂွန်သည် ခမ်ဒန်အား နှစ်လိုစွာပြုံးပြကာ ပြောပြီး ထွက်သွားလေသည်။

မာန် အပေါ်ထပ်ရှိ အာရာဂွန်၏ အခန်းသို့ရောက်သော် system အားမေးလိုက်သည်။

" အာရာဂွန်နဲ့ ခမ်ဒန်က ထိပ်တိုက်ရန်ဖြစ်ဖူးလား "

[ အဲ့လို တစ်ခါမှ ရန်မဖြစ်ဖူးဘူး Host
အာရာဂွန်က သူ့မိထွေးကို မုန်းပြီး မျက်နှာချင်းကို မဆိုင်တာ၊ ခမ်ဒန်ကတော့ အပေါ်ယံ စကားချိုချိုလေးတွေ ပြောတတ်တယ် ]

" ဒါက ငါ့တာဝန်လုပ်ဖို့ တော်တော်လွယ်သွားတာပဲ၊ အပေါ်ယံ သကာလောင်းထားတဲ့ ဆက်ဆံရေးကနေ ချဉ်းကပ်လို့ရတယ်။သူတို့သာ ရန်ဖြစ်ထားရင် ငါဆက်လုပ်ဖို့ခက်မှာ "

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now