Chapter 8

10.2K 170 13
                                    

A ပင်လယ်ကမ်းခြေမြို့၏ မြို့မရဲစခန်းတွင် စခန်းမှူးသည်  သူ၏ ရုံးခန်းရှိကွန်ပျူတာအား စိုက်ကြည့်လျက် ရောက်ရှိလာသော mail အား မယုံကြည်စွာ စစ်ဆေးကြည့်နေသည်။

" ဟား...ဒီတိုင်းဆို ငါတို့မြို့ ပြန်ထူထောင်လာတော့မယ်ကွ.."

မာန် သူ၏ကွန်ပျူတာရှိ သက်သေများအား လက်စသတ်လိုက်ပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

" သခင်လေး မစ်စတာက ညစာအတွက် ထမင်းစားပွဲမှာ စောင့်နေပါတယ် "

မာန် ခေါင်းညိတ်ပြလိုက်ပြီးနောက် အိမ်တော်ထိန်းသည် တစ်ခုခုပြောချင်ဟန်ဖြင့် ရှေ့တိုးလာသည်။

" သခင်လေး ကြီးပြင်းလာမှန်း ကျွန်တော်သိပေမယ့် စိတ်မပူပဲ မနေနိုင်ဘူး၊ သခင်လေးက သန်မာပါတယ် "

အိမ်တော်ထိန်းသည် အာရာဂွန်နှင့် မစ်စတာဂျိမ်း ထိပ်တိုက်တွေ့ကာ အာရာဂွန်နစ်နာမည်ကို စိုးရိမ်နေပြီး သတိပေးလိုချင်ခြင်းဖြစ်သည်။

ထို့ကြောင့် မာန် အိမ်တော်ထိန်းအား ပြုံးပြလိုက်ကာ

" ကျွန်တော် နားလည်ပါတယ်၊စိတ်မပူပါနဲ့ "

ထမင်းစားခန်းထဲရှိလေထုသည် တိတ်ဆိတ်နေပြီး ‌သက်တောင့်သက်သာ မရှိပေ။
ခမ်ဒန်သည် ဂျိမ်းနှင့် စကားပြောနေသော်လည်း
သူ၏အာရုံသည် ထိုထဲတွင်မရှိပေ။

" လီယိုရော ဘယ်လိုနေလဲ "

" သူအဆင်ပြေပါတယ် "

"........"

" သူ အထက်တန်းကျောင်းပြောင်းရမှာမလား မင်းအရင်တစ်ခေါက် သူ့ကိုကျောင်းပြောင်းဖို့ မေးတာမှတ်မိသေးတယ် သူအခုတက်နေတဲ့  ကျောင်းက အလယ်တန်းအထူးပြုသင်ကြားလို့ အထက်တန်းမရှိဘူးဆိုပြီး "

မစ်စတာဂျိမ်းသည် သူ၏ နောက်အစီအစဉ်အရ လီယိုအား မဖြစ်မနေလိုအပ်လာ၍ ခမ်ဒန်အား ပြန်လည်၍ အရေးပေးချင်သော်လည်း မည်သို့စကားဆက်ရမည်မသိဖြစ်နေသည်။

ဒီအတောအတွင်း သူနှင့်ခမ်ဒန်၏ လင်မယားဆက်ဆံရေးသည် ပို၍ ဝတ်ကျေတန်းကျေဆန်လာသည်။

ခမ်ဒန်သည်လည်း သူ့အားယခင်ကဲ့သို့ လိုက်လံကပ်တွယ်မနေတော့ပါ။ ဘယ်အချိန်က စသလဲမသိပေမယ့် ခမ်ဒန်တိတ်ဆိတ်သွားသည်မှာ ကြာခဲ့‌လေပြီ။

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now