Chapter 4

3.6K 135 20
                                    

  ချန်းရွှီ  အိမ်မက်အရှည်ကြီးအား မက်လိုက်ရသလို သူနိုးလာချိန်၌ ထုံကျင်ကာ ခေါင်းမူးနေခဲ့သည်။

သူသည် သာ့ကျင်းပြည် ခေါ်တွင်သော မဟာကျင်းပြည်၏ ပထမဆုံးကောဘုရင်အဖြစ် အုပ်ချုပ်ကာ သူ့ခမည်းတော်စိုးရိမ်ပူပန်ရသည့် တိုင်းပြည်အား ပျက်စီးမသွားအောင် ကာကွယ်နိုင်ခဲ့သည်။ သူသည်
ကောတစ်ယောက်ဖြစ်သော်လည်း  ဘုရင်တစ်ပါးအနေဖြင့် သူ့ပြည်သူတွေကို ငြိမ်းချမ်းမှုဆောင်ယူပေးနိုင်ခဲ့ပါ၏။

ယခုတွင်တော့ သူ့မှာ ဘာစိုးရိမ်ပူပန်စရာမှ မရှိတော့သည့်အခါ  အရာအားလုံးကထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင်။ သူနိုးထလာချိန်၌   အချိန်အကြာကြီး အလွန်ရင်းနှီးခဲ့ပါသော အခန်းအပြင်အဆင်ကို တွေ့လိုက်ရသည်။

ရိုးရှင်းသော်လည်း  ကျက်သရေရှိနေဆဲဖြစ်ကာ ၎င်းသည် သူ့အကြိုက်နှင့် ကိုက်ညီပါ၏။

ဤအခန်းအား ချန်းရွှီ အသေအချာပင်မှတ်မိနေပြီး ဒါသည် သူမင်းသားဘဝတုန်းက နေထိုင်ခဲ့သော အဆောင်ဖြစ်သည်။ ဤအခန်း၏ အသက်ဝင်တောက်ပပုံအား မမြင်ရသည်မှာ နှစ်များစွာကြာနေပြီဖြစ်သော်လည်း ယခုပြန်မြင်ရချိန်တွင် မှတ်ဉာဏ်များသည် မနေ့တစ်နေ့ကကဲ့သို့  လတ်ဆတ်ဆဲပင်။

ချန်းရွှီသည် သူ ဒီအခန်း၌ ဘာကြောင့် နိုးလာလဲ ဆိုသည်အား မစဉ်းစားနိုင်ခင်မှာပင်  အလောတကြီးနှင့် ဆူညံနေသည့်အသံအားကြားရသည်။

" အရှင်မင်းကြီး  အရှင့်သား နိုးလာတော်မူပါပြီ "

...ဘယ်သူစကားပြောနေတာလဲ..အရှင်မင်းကြီး.??
...အရှင့်သား ?  ဘယ်သူလဲ...ငါ့မှာ သားတော်မှ မရှိတာ... နေဦး....ဒီအသံက...

ချန်းရွှီ  သူငယ်စဉ်ကတည်းက  သူ့ကိုနွေးနွေးထွေးထွေးပြောတတ်သော  အသံကိုသတိရလိုက်မိကာ  အံ့ဩနေစဉ် သူ့ကို ထပ်မံအံ့ဩစေသည့်  အသံအားကြားလိုက်ပြန်သည်။

" ရွှီအာ ခမည်းတော်ဆီကို လာပါဦး "

...ရွှီအာ...?

..ဒါက သူ့ခမည်းတော်ကွယ်လွန်ပြီးကတည်းက  သူ့ကိုအဲ့နာမည်နဲ့ ခေါ်မယ့်သူမရှိတော့ဘူး...

You've reached the end of published parts.

⏰ Last updated: Sep 09, 2024 ⏰

Add this story to your Library to get notified about new parts!

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now