ခမ်ဒန်သည် အာရာဂွန်ဆီသို့ မနည်းစိတ်တင်း၍ ဖုန်းခေါ်ပြီးနောက် ရှက်ရွံ့စွာဖြင့် ဖုန်းချလိုက်ရသည်။
တစ်ဖက်တွင်မူ မာန်နှင့် ဂျင်တို့၏ ဆွေးနွေးမှုသည်
တံခါးခေါက်သံ တစ်ခုဖြင့် ထပ်မံ နှောင့်ယှက်ခံလိုက်ရပြန်သည်။" ဒေါက်ဒေါက်ဒေါက် "
အပြင်ဘက်မှလူသည် အလျင်လိုနေပုံရကာ အသိပေးရုံသပ်သပ်သာ တစ်ဆက်တည်း ခေါက်သွားပြီး အတွင်းမှ ဘာမှမပြောခင်မှာပင် တံခါးဖွင့်ဝင်လာလေသည်။
မာန် ဝင်လာသူအား တစ်ချက်ကြည့်လိုက်ပြီး
" မစ်စတာဂျင်က တကယ်ကို အလုပ်အတော်ရှုပ်နေပုံ ပေါ်တယ် "
" မစ်စတာအာရာဂွန် နှောင့်နှေးမှုတွေအတွက် အားနာရပါတယ် "
ဂျင်သည် အာရာဂွန်အား တောင်းပန်လိုက်ပြီး ဝင်လာသည့် သူ့အတွင်းရေးမှူးအား ကြည့်လိုက်သည်။
အတွင်းရေးမှူးသည် မာန်အား ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ဂျင်၏ နားနားသို့ ကပ်ပြောလိုက်သည်။
ဂျင်သည် အတွင်းရေးမှူး၏ တင်ပြမှုအား နားထောင်လေလေ သူ၏ မျက်နှာသည် ပို၍ မဲမှောင်လာလေ ဖြစ်သည်။
မာန် ထိုအချိန်အတွင်း system အား မေးမြန်းနေသည်။
" A09 သူတို့ဘာပြဿနာ ဖြစ်နေတာလဲ "
[ ဂျင်က အကျိုးဆောင်ကုမ္ပဏီ ဥက္ကဌရဲ့သားပါ၊ အခု ဥက္ကဌက ကျန်းမာရေးမကောင်းတော့ ဂျင်က ဒုဥက္ကဌနေရာယူပြီး ဖြေရှင်းနေရတာ၊ အရင်ကတော့ host ရဲ့စာချုပ်ကို တာဝန်ယူရတာ၊ အတွေ့အကြုံကောင်းကောင်းမရှိသေးတဲ့ ဂျင်က တာဝန်ယူနေတဲ့အချိန် ကုမ္ပဏီရဲ့ အများဆုံးရင်းနှီးထားတဲ့ အဓိက ပရောဂျက်က ငွေကြေးပြတ်လပ်သွားပြီး ဆက်မလုပ်နိုင်တော့ဘူး၊ သူတို့က ပင်လယ်ကမ်းခြေမြို့တစ်မြို့မှာ ခရီးသွားနဲ့အပန်းဖြေဟိုတည်လုပ်ငန်းကို စီမံကိန်းအကြီးကြီးချထားတာ ]
[ ပုံမှန်ဆိုရင် ဒီပရောဂျက်က လိုချင်တဲ့သူတွေများပေမယ့် အရင်လက အဲ့ဒီကမ်းခြေမြို့မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကြောင့် အခု ပရောဂျက်မှာ ပါဝင်ဖို့လုပ်ထားတဲ့ အပြင်ကုမ္ပဏီတွေက လက်တွန့်သွားပြီး မပါဝင်တော့ဘူး၊ ဒီတော့ သူတို့က အခု ငွေကြေးပြတ်လပ်နေကြပြီ Host ]
YOU ARE READING
အသက်ရှင်ဖို့ အပျော်ရှာမယ်
General FictionSystem bl အပြာ လိုးစာ MC တစ်ယောက် ကမ္ဘာ တွေပြောင်းပြီး သူ့ကိုမုန်းတဲ့သူတွေကို ဘယ်လိုခြွေပစ် မလဲဆို ဖတ်ရမှာပါ။ ‼️မှတ်ချက်။ ဤစာသည် boy အချင်းချင်း ကာမဆက်ဆံမည့် အကြောင်းများကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည့် စာဖြစ်သည်။ စကားလုံးအသုံးအနှုန်းများ ထင်သာမြင်သာ...