Chapter 16

5.8K 129 5
                                    

   "  တောက်!!.."

" ...အာရာဂွန်က ဘယ်လိုလုပ်  အဲ့ဒီမှာရှယ်ယာရှင်ဖြစ်နေတာလဲ ၊ဒီကောင့်မှာ အဲ့လောက်များတဲ့ ပိုက်ဆံတွေ ဘယ်ကရတာလဲ!."

" ရှင်က သူ့အမေရဲ့ ပိုင်ဆိုင်မှုတွေ အကုန်သိမ်းလိုက်တာဆိုတော့ သူ့အဘိုးအဘွားတွေဆီက  ရတာမဟုတ်ဘူးလား "

"  ..ဒီသေသွားတဲ့ ဟာတွေက သေတာတောင် ဒုက္ခ ပေးတုန်း!!  ဟိုကောင် ဖုန်းဆက်လိုက် အခုချက်ချင်း ကုမ္ပဏီကို လာလို့ပြောလိုက်!! "

[ Host ဂျိမ်းက host ကိုခေါ်နေပြီ ]

" သွားကြမယ် ၊သူ့ကို ခဏလောက် အနားပေးမလို့ကို သူကတန်ဖိုးမထားဘူး  "

မာန် J centre သို့ ရောက်သည့်အချိန် ချက်ချင်းပင်
ဂျိမ်းသည် အတွင်းရေးမှူးမှ တစ်ဆင့် သူ့ရုံးခန်းဆီ‌သို့ လာခိုင်းလိုက်သည်။

"  ပြော ခင်ဗျားက ဘာများအလိုရှိလို့ ကုမ္ပဏီကို မခေါ်စဖူးခေါ်နေရတာလဲ "

" အာရာဂွန်  ဘာမှ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့!!  မင်းလုပ်ထားတာ မင်းသိတယ်  ဒါပေမယ့်ငါကတော့အခွင့်အရေးပေးဦးမှာပါ ၊မင်းသာ Aမြို့ပရောဂျက်ရဲ့ ရှယ်ယာတွေကို အကုန်ပေးရင်  ငါ မင်းအမေတည်‌ထောင်ခဲ့တဲ့ ကုမ္ပဏီမှာ မင်းအတွက်နေရာတစ်ခုပေးမယ် "

" ဟား..ခင်ဗျားက ကျွန်တော့်အမေကိုထုတ်ပြောပြီး ခြိမ်းခြောက်ရအောင် ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ...ပြီးတော့ အခွင့်အရေးပေးဦးမယ်  အဲ့စကားပြောထွက်ရအောင် မရှက်ဘူးလား ..
မစ်စတာဂျိမ်း...ပြောပါဦးမယ် ဒီကုမ္ပဏီက ခင်ဗျားပိုင်တာတောင် မဟုတ်ဘူးလေ "

"  ...မင်း ..မင်း..အာရာဂွန်..ကိုယ့်ကိုယ်ကိုယ် အောင်မြင်လှပြီထင်ပြီး ငါ့ကိုတောင် ခြိမ်းခြောက်နေတယ်ပေါ့...တောက်!    
မင်းက ကုမ္ပဏီကို ပိုင်တယ်ဆိုလည်း ဘာဖြစ်လဲ..ဘယ်သူမှမင်းကို အသိအမှတ်မပြုဖူးလေ  ငါ့ကိုကန်ထုတ်ချင်ရင်တောင်   မင်းဘာလုပ်နိုင်မှာလဲ "

"  အိုး...ဟုတ်တာပေါ့  မစ်စတာဂျိမ်းက ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာ သိချင်နေပုံပဲ "

ထို့နောက် မာန်သည် ရှယ်ယာရှင်ထဲမှ တစ်ယောက်အား မက်ဆေ့ ပို့လိုက်သည်။

အသက်ရှင်ဖို့ အပျော်ရှာမယ်Where stories live. Discover now