ပြန်လည်မွေးဖွားလာသော ထက်မြက်ဉာဏ်ကောင်းသည့် တော်ဝင်ကောIs divided by
ယုတ်မာအကြံအစည်များပြီး ထုံထိုင်းတုံးအ၊ သရဲဘောကြောင်သည့် တော်ဝင်အစောင့်တပ်မှူး
တိုင်းပြည်၏ အမွေဆက်ခံနိုင်သည့် တစ်ဦးတည်းသော တော်ဝင်သွေးသားက
ကော ဖြစ်နေသည့်အပေါ် အခွင့်ကောင်းယူ၍ ဘုရင်ဖြစ်လာသည့် အစောင့်တပ်မှူးသည်
မိုက်မဲစွာဖြင့် အုပ်ချုပ်ကာ တိုင်းပြည်ပျက်စီးကိန်းဆိုက်သည်အထိ ဒုက္ခရောက်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ တန်ဖိုးမရှိလှသည့်ဘဝကိုလည်း ဆိုးဝါးစွာ အဆုံးသတ်ခဲ့သည်။ဒီလို အမှိုက်သေပြီးနောက်တွင်တော့ အရာအားလုံးက တစ်ဖန်ပြန်စတင်ခဲ့လေတယ်။
ပြန်စတင်တယ်ဆိုတဲ့ အဓိပ္ပာယ်အတိုင်း အနစ်နာဆုံးဖြစ်ခဲ့သည့် တစ်ယောက်ယောက်ကိုလည်း ကမ္ဘာကြီးက ပြန်လည်ရွေးချယ်ခွင့်ပေးခဲ့လေတယ်။" ပြန်လည်ရွေးချယ်ခွင့် "
" အရမ်းမက်လောက်စရာပဲမဟုတ်လား..
ဒါပေမဲ့ ငါ က ရွေးချယ်စရာမလိုအောင်ကို အညှောင့်မထွက်ခင်ကတည်းက ကိစ္စတုံးပေးချင်တာလေ ...ဘာကို ဂရုဏာထားတယ်ပြောနေတာလဲ "တစ်ဦးတည်းသော တော်ဝင်သွေးသားဖြစ်နေမှတော့ ကော ဖြစ်နေလည်း ရိုးရှင်းမှာ မဟုတ်ဘူးလေ။
သူက ထက်မြက်ပြီးဉာဏ်ကောင်းတယ်။ တိတ်ဆိတ်ပြီး တည်ငြိမ်တယ်။
သွေးအေးပြီး လက်မရွံ့ဘူး။
အငြိုးကြီးပြီး ရက်စက်ပြတ်သားတယ်။နေရောင်အောက်က လှပကျော့ရှင်းတဲ့ အသွင်အပြင်အောက်မှာ ပုန်းကွယ်နေတဲ့ စရိုက်လက္ခဏာကို သူရဲ့ အနီးဆုံးအထိန်းတော်ကသာ သိလေတယ်။
" မင်း ဘာလို့ ဒီရောက်လာတာလဲ "
" ပြီးရင် ဘယ်ကိုသွားမှာလဲ "
" ငါ မင်းအတွက် ဒီရောက်လာတာ..
မင်းတစ်ယောက်တည်းအတွက် ..."252 Words
YOU ARE READING
အသက်ရှင်ဖို့ အပျော်ရှာမယ်
General FictionSystem bl အပြာ လိုးစာ MC တစ်ယောက် ကမ္ဘာ တွေပြောင်းပြီး သူ့ကိုမုန်းတဲ့သူတွေကို ဘယ်လိုခြွေပစ် မလဲဆို ဖတ်ရမှာပါ။ ‼️မှတ်ချက်။ ဤစာသည် boy အချင်းချင်း ကာမဆက်ဆံမည့် အကြောင်းများကို ဇာတ်လမ်းဖွဲ့ ရေးသားထားသည့် စာဖြစ်သည်။ စကားလုံးအသုံးအနှုန်းများ ထင်သာမြင်သာ...