Part -6တပွင့်တည်းသော ချယ်ရီငယ်

792 102 8
                                    

ပိုင်ဆိုင်ရတော့မည်ဟူသောအတွေး
ထိုအတွေးတခုထဲနဲ့တင် မြင်မြင်သမျှ
ပန်းတွေဝေနေသလို

တလွဲဆော့က အတင်းလိုက်ချင်နေတာမို့
မနည်းကိုဖျောင်းဖျပြီးထားခဲ့ရသည်
အိုစွန်းက။ လေးလေးနက်နက်ကို မှာလိုက်တာ
တယောက်ထဲလာဖို့ ပေါ့

အမင်ရေ အမင့်နဲ့ နီးမယ့်လမ်းတွေဆိုရင်

ဆူးခင်းလမ်းမှာ ပန်းပျိုးရင်းလည်းလှမ်းလာရဲတယ် အမင်ရေ

ရန်စွယ်တွေအပြည့်နဲ့လမ်းဖြစ်ရင်လည်း
ငြိမ်းချမ်းခြင်းစမ်းရေတွေစီးဆင်းစေပြီး
မောင်တော်အရောက်လာနိုင်ပါတယ်။

တောင်ကုန်းစွန်းလေးက တဲစုစု ရွှာကလေးက
အမင်ဖြတ်သန်းခဲ့တဲ့နေရာပေါ့ ဆိုတဲ့ အတွေးလေးတခုက

နယ်စားမင်းကိုပြုံးစေသည်

ဒီရွှာငယ်လေးထဲမှာ ဘယ်လောက်တောင်
ချစ်စရာကောင်းသော အမင့်ရဲ့ ငယ်ရွှယ်မူတွေ

ချစ်ချင်စရာ အပြစ်မဲ့ အမူအရာလေးတွေ
ထင်ဟပ်နေလိမ့်မလဲ

ရွှာလမ်းဘက်က မဟုတ်ဘဲ တောင်ကုန်းဘေးက
လမ်းသွယ်ကနေ ပန်းခြံရှိရာလာခဲ့ရမည်ဟူသော
အိုစွန်းစကားကလည်း နားထဲကြားယောင်မိတာမို့
ရွှာလေးကိုအဝေးကငေးပြီး ထိုလမ်းသွယ်အတိုင်း
စီးတော်မြင်းနဲ့အတူ အသော့နှင်လာခဲ့လိုက်သည်။

*********************************************

"အမင် အာရုံစိုက်စမ်း စောစောက အိုစွန်းပြတဲ့ အကွက်ကိုပြန်ကစားစမ်း"

အိုစွန်းက ဓါးရေးလေ့ကျင့်ခြင်းကို သေချာအာရုံစိုက်ခိုင်းနေသော်လည်း

အမင်ငယ့်အတွက်လေတိုးသံသဲ့သဲ့ကိုပင်
မြင်းခွာသံအလားထင်မှတ်ကာ တမျှော်မျှော်နဲ့

****************************

ထိုစဉ် အပြင်းနှင်လာတဲ့ မြင်းခွာသံကို
အိုစွန်းတို့ကြားလိုက်ရသည်

"အမင်ထွက်ကြိုရမလား အိုစွန်း"

"အမျိုးသားတယောက်ရဲ့ ပုံစံနဲ့ အမင်ကို
ရုတ်တရက်တွေ့လိုက်ရင် အခြေအနေက
ထိန်းရခက်တာမျိုးဖြစ်တတ်တယ် အမင်
အိုစွန်းပဲ အရင်ကြိုလိုက်မယ် အမင်က နားဆောင်မှာပဲ နေလိုက် အိုစွန်းခေါ်မှလာခဲ့"

ပန်းယောင်ဆောင်သောချယ်ရီငယ်Where stories live. Discover now